Thu. Sep 19th, 2024

News

၂၀၁၃ ခုနှစ်က အင်ခါဂါးမှာ တိုက်ပွဲဖြစ်ပွားချိန် ကေအိုင်အေ သတင်းပေးလုပ်ခဲ့သူဟု စွပ်စွဲခံထားရတဲ့ ဆရာမင်းဆိုင်းရဲ့အမှုကို ဒီနေ့ မချမ်းဘော့တရားရုံးမှာ အမှုဆွဲတင်ခဲ့ပါတယ်။ အမှုကို မချမ်းဘော့မြို့တွင် အခြေစိုက်တဲ့ ခလရ(၁၃၇)မှ ဗိုလ်ကြီးသက်ထွန်းအောင် တရားလိုလုပ်ပြီး အမှုဖွင့်စွပ်စွဲထားခြင်းဖြစ်ပါတယ်။ ဒီနေ့တရားရုံးတွင် ပူတာအိုနှင့် မချမ်းဘော့မြို့နယ်မှ ဒေသခံများ အယောက် ၁၀၀ကျော် ခန့်... Read More
မြစ်ကြီးနားမြို့တော်လူဦးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ညီမျှမှု မရှိသေးသောကြောင့် ယာဉ်ထန်းရဲတပ်ဖွဲ့သို့ ဝင်ချင်သူများကို လက်ခံစုဆောင်းကာ ရဲသင်တန်းကျောင်းသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှသိရသည်။ ယာဉ်ထိန်းရဲအဖြစ်လျှောက်မည့်သူများသည် အသက် (၁၈)နှစ်နှင့် (၂၅)နှစ် ကြားရှိရမည်ဖြစ်ပြီး အမျိုးသားများမှာ ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းနှင့် အရပ် (၅)ပေ (၆) လက်မရှိရမည်ဖြစ်သလို အမျိုးသမီးဆိုပါက... Read More
မြို့ဝင်ဘီးခွန်များကောက်ခံခြင်းကို ယနေ့ ဧပြီ (၁၉)ရက်နေ့မှစပြီး ကချင်ပြည်နယ်တစ်ခုလုံးတွင် လုံးဝဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနေဝင်းက ပြောသည်။ “ရည်ရွယ်ချက်ကတော့ အများပြည်သူအနှောက်အယှက်မဖြစ်အောင်၊ ကုန်စည်ကူးသန်းမှုမှာ ပိုမိုပြီးတော့လွယ်ကူအောင်ရယ်၊ နောက်ပြီးကုန်ဈေးနှုန်းကျဆင်းရေး ဖြစ်အောင်ပေါ့နော် ဖျက်သိမ်းတာပါ”ဟု ၎င်းက ဆိုသည်။   ဘီးခွန်ကောက်ခံခြင်းကို ရပ်ဆိုင်းရန်စာထုတ်ပြန်ထားပြီးဖြစ်ပြီး ဆက်လက်ကောက်ခံနေမှုများရှိပါက ဥပဒေအရ ထိရောက်စွာ... Read More
တိုက်ပွဲကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ့် ကျေးရွာအနီးတွင် ထွက်ပြေးပုန်းရှောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ လသားအရွယ်ကလေးမိခင်များ၊ ဖျားနာနေသူများ၊ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် ယနေ့ ဧပြီလ ၁၇ရက်နေ့တွင် အောင်လောဒ့် ကျေးရွာသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာ၍ တောထဲသို့ ဖရိုဖရဲပြန်လည် ထွက်ပြေးပုန်းရှောင် သွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ အစိုးရတပ်မတော်နှင့်... Read More
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကချင်ပြည်နယ်ရှိအကျဉ်းထောင်များ၊ စခန်းများမှ အကျဉ်းသူ/သား (၉၇၄)ယောက် လွတ်မြောက်လာခဲ့ပြီး မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အများဆုံးပါဝင်ခဲ့သည်။ လွတ်မြောက်လာသူ (၉၇၄) ယောက်မှ (၉၄၇) ယောက်သည် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ်သည်။ မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ စုစုပေါင်း (၄၉၁) ဦး၊ ဗန်းမော်ထောင်မှ... Read More
ကချင်လူထုနှင့် ကချင်နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့စီတာပူမနောင်ဝင်း မဂျွယ်ခန်းမမှာ မနေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေပြောဆိုဆွေးနွေးခဲ့ကြပြီး ဘာတွေဆုံးဖြတ်နိုင်ခဲ့သလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအပေါ် လွှတ်တော်အမတ်နဲ့ ပါတီခေါင်းဆောင်အချို့တို့ရဲ့ သုံးသပ်ချက်အမြင်များ ဖြစ်ပါတယ်။ နံနက် ၉ နာရီမှာ ဝတ်ပြုဆုတောင်းခြင်းဖြင့် ဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။... Read More
ယနေ့မြစ်ကြီးနားမြို့ စီတာပူမနောင်ဝင်း မဂျွယ်ခန်းမတွင် ပြုလုပ်သော ကချင်လူထုနှင့် ကချင်နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေးနွေးပွဲတွင် ပါတီသုံးခုနှင့်အတူ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ((UDPKS))လည်း ပါတီပေါင်းစည်းရေးသို့ ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပါတီသစ် ပြန်လည်ဖွဲ့စည်းရန် ပါတီအသစ်အတွက် အမည်၊ အလံနှင့် တံဆိပ်များကို ယနေ့ဆွေးနွေးပွဲတွင် ရွေးချယ်နိုင်ခြင်းတော့ မရှိသေးပါ။ လွန်ခဲ့သည့်... Read More
ကချင်ပြည်နယ်ရဲ့ ပထမဆုံးအကြိမ် ကျို့(ခ်)ရှင်း (KYOKUSHIN) ကရာတေးပြိုင်ပွဲကို မြစ်ကြီးနားမြို့စီတာပူ မနောင်ဥယျာဉ်မှာရှိတဲ့ မဂျွယ်ခန်းမတွင် ယနေ့ကျင်းပခဲ့ပါတယ်။ ယနေ့ပြိုင်ပွဲမှာ ကရာတေးကလပ် (၅)ခုမှ ကစားသမား (၉၀)ကျော်က ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြတာဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမ၊ ဒုတိယ ရရှိတဲ့ကစားသမားများဟာ ဇွန်လတွင် မန္တလေးမြို့မှာ ကျင်းပမယ့် ပြိုင်ပွဲတွင် ဝင်ပြိုင်သွားရမှာ... Read More
ယနေ့ နံနက်ပိုင်းက မံစီမြို့နယ် လဂျောင်ကျေးရွာနှင့် ဖားကန့်မြို့နယ် တံတားညီနောင်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ “ဖားကန့် တံတားညီနောင်က စခန်းကို တိုက်တာ။ မြန်မာတပ်မတော်ဘက်က တပ်ရင်းမှူးလည်း ကျတာရှိတယ်။ တပ်မတော်က လေယာဉ်တွေနဲ့ ပြန်တိုက်လာတော့ ကျွန်တော်တို့ဘက်က ပြန်ဆုတ်ခဲ့တာ။ ဘယ်လောက်သေ ဘယ်လောက်ဒဏ်ရာရတာတော့... Read More

နောက်ဆုံးသတင်းများ