Thu. Sep 19th, 2024

News

ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ကျောက်မျက်ပြပွဲ ဖွင့်လှစ်နိုင်ပြီဖြစ်တဲ့အတွက် တစ်ရာရာခိုင်နှုန်းအောင်မြင်မှုရရှိသည်ဟု ဆိုနိုင်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဥက္ကဌ ဦးဇေလွမ်းက ပြောသည်။ “အရောင်းအဝယ် ဖြစ်မဖြစ်က အဓိကမကျဘူး။ ကျွန်တော်တို့ဒေသမှာ ကျောက်စိမ်းထွက်တာ နှစ်ထောင်ချီရှိပြီ ဒါပေမဲ့ အခုပွဲမလုပ်နိုင်တာ နှစ်တွေအကြာကြီးရှိခဲ့ပြီ၊ ပထမဆုံးအကြိမ် တရားဝင်ပြပွဲကို ဖွင့်လိုက်နိုင်တာကိုပဲ အောင်မြင်တယ်လို့ဆိုနိုင်တယ်”ဟု ဦးဇေလွမ်းက... Read More
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ၃၈ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးပွဲကို ယခုလ (၂၂) ရက်နေ့မှ စတင်ကာ (၂၅) ရက်နေ့အထိ ဝိုင်းမော်မြို့နယ် မုတ်ကျိတ်ကျေးရွာရှိ ကျမ်းစာကျောင်းတွင် ကျင်းပလျှက်ရှိသည်။ မတ်လ (၂၄) ရက် ယနေ့ကျင်းပသည့် သင်းလုံးကျွတ် အစည်းဝေးတွင်  ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်မည့် ကချင်နှစ်ခြင်းခရစ်ယာန်... Read More
  ဖားကန့်မြို့တွင် ၂၀၁၇ ကျောက်မျက်ဥပဒေကြမ်းကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖေါ်ပွဲကို ယနေ့ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူတစ်ထောင်ခန့် ပါဝင်ခဲ့ကြောင်း KNC ပါတီ အထွေထွေအတွင်းရေးမှူး (ဖားကန့်) ဦးဒူဝမ်တူးရော်က ပြောသည်။ “ပြည်သူ့လွှတ်တော်က အကြီးစားလုပ်ကွက် ဧက(၅၀)ကို သက်တမ်း ဆယ်နှစ်သတ်မှတ်လာတာရယ်၊ နောက်တစ်ခုက စက်ယန္တရားအကန့်အသတ် မလုပ်တာရယ်၊ (၂၄)နာရီတူးဖေါ်မှုပေါ့၊... Read More
ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စားမေးပွဲဖြေဆိုရာတွင် ဘာသာစုံမဖြေသည့် ကျောင်းသူ ကျောင်းသား ဦးရေမှာ ၁၄၀ ယောက်ရှိကြောင်း ပြည်နယ် ပညာရေးမှူးရုံးစာရင်းမှ သိရသည်။ ပထမနေ့ဖြေဆိုသူ (၃၃၂၁၂ ) ရှိသည့် အနက် ခြောက်ဘာသာလုံးဖြေဆိုသူမှာ (၃၃၀၇၂) ရှိပြီး ပျက်ကွက်သူဦးရေမှာ (၁၄၀) ဦးရှိကြောင်း ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ ဆေးရုံ၌ဖြေဆိုသူဦးရေမှာ... Read More
  ခရိုင်စားသုံးသူအငြင်းပွားမှုပူးပေါင်းဖြေရှင်းရေးအဖွဲ့မှ မြစ်ကြီးနားမြို့တွင်းရှိကုန်စုံဆိုင်အချို့ကို ကွင်းဆင်းစစ်ဆေးစဉ် သိမ်းဆီးခဲ့သော ရက်လွန် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို နန်ကျင် အမိုက်ကျင်းတွင် ယနေ့ မီးရှို့ဖျက်ဆီးခဲ့သည်။ ယနေ့ဖျက်ဆီးခဲ့သော အဆိုပါကုန်ပစ္စည်းများ၏တန်ဖိုးမှာ ကျပ်သိန်း (၂၀)ခန့်ရှိကာ စားသောက်ကုန်မှာ အများဆုံးဖြစ်ပြီး အလှကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းများလည်း ပါဝင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောသည်။... Read More
ပန်ဆောင် ဖေဖော်ဝါရီ ၂၀ မြန်မာအိန္ဒယ နယ်စပ်ဂိတ် ပိတ်ထားသောကြောင့် ပန်ဆောင်မြို့ဒေသခံများ အဓိကဝယ်ယူ စားသုံးနေသော ဆန်၊ ဆီ၊ ဆားများ ဝယ်ယူရရှိရန် အခက်အခဲ ဖြစ်နေကြောင်း ပန်ဆောင်မြို့ အထက်ရပ်ကွက်တွင် နေထိုင်သူ ဦးချုံဝေါ်မှ ဆိုသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့၌ အိန္ဒယမြန်မာ နယ်စပ်ဒေသတွင်... Read More
ပူတာအို ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ဘတ်ဂျတ်ကျတာ နောက်ကျသည့်အတွက် ယခုအချိန်ထိ ပြီးရန်  အမျးကြီး လိုအပ်နေသေးသည့် ပူတာအို နှင့်  မချမ်းဘော့ကားလမ်းကို  မချမ်းဘော့ကြိုးတံတား ဖွင့်ပွဲအမီ လုပ်ရမည်ဖြစ်သောကြောင့်  နေ့ဆိုင်းမက ညဆိုင်းကိုပါ လုပ်ဆောင်နေကြောင်း လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ၂ အောင်ကိုမင်း မှပြောသည်။ ”... Read More
ဇန်န၀ါရီ ၂၅ သဘာဝအမွေအနှစ်ဖြစ်သော လွယ်ဆမ်ဆစ် တောင်စဉ်တောင်တန်းများ ထိန်းသိမ်းစောင့်ရှောက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့နေတွင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်မူလတန်းကျောင်းတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲကို သဘာဝအမွေအနှစ်ဖြစ်သော လွယ်ဆမ်ဆစ်တောင်စဉ်တောင်တန်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီနှင့် ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနတို... Read More

နောက်ဆုံးသတင်းများ