ပထမဆုံးအကြိမ် ကချင်ပြည်နယ် ကျို့(ခ်)ရှင်း ကရာတေးပြိုင်ပွဲ
ကချင်ပြည်နယ်ရဲ့ ပထမဆုံးအကြိမ် ကျို့(ခ်)ရှင်း (KYOKUSHIN) ကရာတေးပြိုင်ပွဲကို မြစ်ကြီးနားမြို့စီတာပူ မနောင်ဥယျာဉ်မှာရှိတဲ့ မဂျွယ်ခန်းမတွင် ယနေ့ကျင်းပခဲ့ပါတယ်။
ယနေ့ပြိုင်ပွဲမှာ ကရာတေးကလပ် (၅)ခုမှ ကစားသမား (၉၀)ကျော်က ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြတာဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမ၊ ဒုတိယ ရရှိတဲ့ကစားသမားများဟာ ဇွန်လတွင် မန္တလေးမြို့မှာ ကျင်းပမယ့် ပြိုင်ပွဲတွင် ဝင်ပြိုင်သွားရမှာ ဖြစ်တယ်လို့ ပြိုင်ပွဲစီစဉ်ကျင်းပရတဲ့ အကြောင်းနဲ့ရည်ရွယ်ချက်ကို ယနေ့ပြိုင်ပွဲရဲ့ ဒိုင်လူကြီးအဖွဲ့ဝင်လည်းဖြစ်၊ မြစ်ကြီးနားမြို့ YMCA ကရာတေးကလပ်ရဲ့ တာဝန်ခံဆရာလည်းဖြစ်သူ ဆရာယာကုက ပြောပါတယ်။