ကချင်ပါတီများနှင့်ကချင်လူထု တွေ့ဆုံဆွေးနွေး ပါတီလေးခု ပူးပေါင်းမည်
ယနေ့မြစ်ကြီးနားမြို့ စီတာပူမနောင်ဝင်း မဂျွယ်ခန်းမတွင် ပြုလုပ်သော ကချင်လူထုနှင့် ကချင်နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေးနွေးပွဲတွင် ပါတီသုံးခုနှင့်အတူ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ((UDPKS))လည်း ပါတီပေါင်းစည်းရေးသို့ ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပါတီသစ် ပြန်လည်ဖွဲ့စည်းရန် ပါတီအသစ်အတွက် အမည်၊ အလံနှင့် တံဆိပ်များကို ယနေ့ဆွေးနွေးပွဲတွင် ရွေးချယ်နိုင်ခြင်းတော့ မရှိသေးပါ။
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလက မဂျွယ်ခန်းမတွင် ပြုလုပ်ခဲ့သော ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ကော်မတီ၏ အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲတွင် ပါတီသစ်အတွက် ပါတီသုံးခုမှ ရွေးချယ်ထားသော ပါတီအမည်၊ အလံနှင့် တံဆိပ်များကို အသိပေးခြင်း ပြုလုပ်ခဲ့ပြီး လူထုညီလာခံ၌ချပြ၍ အတည်ပြုသွားရန် ပြောဆိုထားသော်လည်း ယနေ့ ရွေးချယ်နိုင်ခြင်းမရှိခဲ့ပဲ၊ အဆိုပါ ပါတီအမည်၊ အလံများကို ကချင်လူမျိုးများအတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်ကာ ကော်မတီဖွဲ့စည်းပြီး ရွေးချယ်သွားရန်သာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ ကချင်မျိုးနွယ်စု ရိုးရာခေါင်းဆောင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့်လူထု စုစုပေါင်း အယောက် ၇၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။