Thu. Sep 19th, 2024

News

နမ်ရှနီ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းကို ဦးဆောင်သူ ဦးမင်ဆိုင်းအား မချမ်းဘော့မြို့နယ် အင်ခါဂါးရွာသားများ တိမ်းရှောင်ခဲ့ရသော လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က တိုက်ပွဲဖြစ်စဉ်နှင့် စပ်လျဉ်း၍ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲအမှုဖွင့်ကာ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။  ... Read More
ကချင်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ မဟာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းများလိုက်နာရန် အချက် (၁၁)ချက်ပါသည့် သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲထံမှ သတင်းရရှိသည်။ အဆိုပါထုတ်ပြန်ချက်တွင် ပွဲတော်ကာလအတွင်း မူးယစ်သောက်စားယာဉ်မမောင်းရန်၊ ပြိုင်မောင်းခြင်း လုမောင်းခြင်း မပြုလုပ်ရန်၊ အိတ်ဇောပိုက်ဖြုတ်ထားခြင်း ပါဝါအိတ်ဇောတပ်၍ ဆူညံစွာပြုလုပ်မောင်းနှင်ခြင်း မပြုလုပ်ရဟု ပါရှိသည်။ ထို့အပြင်... Read More
ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်သည့်အတွက် တနိုင်း ဟူးကောင်းဒေသရှိ ပယင်းမှော်များနှင့် ရွှေမှော်များတွင် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ အမြန်ဆုံး ထွက်ခွာသွားရန် ကေအိုင်အေ တပ်ရင်း (၁၄)မှ (ဧပြီ ၅ရက်နေ့) ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဆင်ရေးအား ကေအိုင်အေ တပ်မဟာ (၂)၊ တပ်ရင်း(၁၄)... Read More
ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှုများ လျော့နည်းစေရန်အတွက် နောက်ကြည့်မှန်မပါသော ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင် မရှိသူများကို ဧပြီလ နှစ်ရက်နေ့တွင် စတင်အရေးယူခဲ့ရာ နာရီဝက်အတွင်း ယာဉ်အစီး တစ်ရာခန့်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။ “ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်တဲ့အထဲမှာ ဘက်မှန်က အရေးကြီးဆုံးထဲမှာပါတယ်။ အကွေ့တွေမှာ ယာဉ်ကျော်တက်တဲ့အခါ... Read More
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ကချင်မနောင်ပွဲတော်ကို ဧပြီလ ၃ရက်နေ့မှ ၆ရက်နေ့အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မနောင်ပွဲတော်တွင် ကချင်ရိုးရာ ရက်ကန်းရက်ပြိုင်ပွဲ၊ ရိုးရာလက်မှုအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ယှဉ်ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများကို ပါဝင်ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာတေးဂီတသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများကို နိုင်ငံကျော်အဆိုတော်များမှ လာရောက်သီဆို ဖြေဖျော်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ ဦးဂျန်မော်ဒွဲအောင်က... Read More
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်ကီတောင်ဘက်တွင် တပ်မတော်နှင့် ကေအိုင်အေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ထိုနေရာသည် ကေအိုင်အေ တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်း(၁)နယ်မြေဖြစ်ပြီး ဧပြီလ ၂ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ “တိုက်ပွဲကတွေ့ရင် ခဏဖြစ်လိုက် ပြီးရင် ပြန်ငြိမ်လိုက်ပဲ။... Read More
အိန္ဒိယနိုင်ငံမှ Singpho လူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သည့် Sri. Jowkhong Singpho အသက်အန္တရာယ်ပြု ခြိမ်းခြောက်ခံရသည့်အပြင် Singpho (အိန္ဒိယနိုင်ငံမှကချင်)လူမျိုး စီးပွားရေးသမားများနှင့် ပြည်သူများလည်း NSCN – National Socialist Council of Nagaland (IM)အဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုနှင့် မတရားငွေကြေးကောက်ခံမှုများခံနေရသဖြင့်၊ ကန့်ကွက်ကြောင်း ဧပြီလ ၂ရက်နေ့တွင်... Read More
ကျောက်မျက်ကုမ္ပဏီနှစ်ခုမှ ဖားကန့်မြို့နယ် လုံးခင်း(အောက်ချိုင့်)လူနေရပ်ကွက်မြေကိုသိမ်းယူပြီး လုပ်ကွက်ဆွဲခဲ့သည့်ကိစ္စကို ကချင်ပြည်နယ်အစိုးရမှ ကွင်းဆင်းစစ်ဆေးပေးရန် တောင်းဆိုသည့်အနေဖြင့် ဖားကန့်မြို့မှ ဦးထွန်းထွန်းသည် ယနေ့နံနက်တွင် မြစ်ကြီးနားမြို့၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သည်။ အိမ်ခြေ (၃၀)ရှိသည့် ရပ်ကွက်မြေကိုကုမ္ပဏီမှ သိမ်းယူခဲ့သော်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်မှ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ကချင်ပြည်နယ်အစိုးရသိအောင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်သည်ဟု ဦးထွန်းထွန်းက ပြောသည်။ အဆိုပါမြေသိမ်းခံရမှုကို... Read More
  ကချင်ပြည်နယ်၏ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာအရောင်းပြပွဲတွင် ကျပ်သန်းတစ်ရာခန့် ရောင်းချခဲ့ရပြီး အသားအရည်အသွေးအအဆင့်မြင့်သည့် ဖြတ်သားများကို ပြသခွင့်မရခဲ့ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဥက္ကဌ ဦးဇေလွမ်းက ပြောသည်။ “အတွဲပေါင်း ၃၃၈ တွဲ ပြသခဲ့တယ်၊ ကျောက်အတွဲပေါင်း တစ်ရာကျော်ရောင်းရတယ်၊ ကျပ်ငွေ သန်း ၁၀၀ စွန်းစွန်းရှိတယ်၊ အရည်ကျောက်လေးတွေ... Read More
လော်ဝေါ်လူမျိုးများ အပြစ်ဖြေကောင်းချီးတောင်းခံခြင်း၊ (၄၄)နှစ်ပြည့် လော်ဝေါ်စာပေနေ့နှင့် (၁၄)ကြိမ်မြောက် လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရွေးချယ်တင်မြောက်ခြင်းပွဲကို မတ်လ (၂၈)ရက် ညနေ(၄း၀၀)နာရီတွင် ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေယဉ်ကျေးမှု ဗိမာန်၌ ဆုတောင်းဆက်ကပ် ဖွင့်လှစ်ခဲ့ပါသည်။ ဆုတောင်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် မနောင်အကကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်တွင် လော်ဝေါ်စာပေနှီးနောဖလှယ်ဟောပြောပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မတ်လ (၃၁)နေ့တွင် လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှု... Read More

နောက်ဆုံးသတင်းများ