ကချင်ပြည်နယ်ရှိ မြို့ဝင်ဘီးခွန် အားလုံးကို ဖျက်သိမ်း
မြို့ဝင်ဘီးခွန်များကောက်ခံခြင်းကို ယနေ့ ဧပြီ (၁၉)ရက်နေ့မှစပြီး ကချင်ပြည်နယ်တစ်ခုလုံးတွင် လုံးဝဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနေဝင်းက ပြောသည်။
“ရည်ရွယ်ချက်ကတော့ အများပြည်သူအနှောက်အယှက်မဖြစ်အောင်၊ ကုန်စည်ကူးသန်းမှုမှာ ပိုမိုပြီးတော့လွယ်ကူအောင်ရယ်၊ နောက်ပြီးကုန်ဈေးနှုန်းကျဆင်းရေး ဖြစ်အောင်ပေါ့နော် ဖျက်သိမ်းတာပါ”ဟု ၎င်းက ဆိုသည်။
ဘီးခွန်ကောက်ခံခြင်းကို ရပ်ဆိုင်းရန်စာထုတ်ပြန်ထားပြီးဖြစ်ပြီး ဆက်လက်ကောက်ခံနေမှုများရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းလိုင်စင်များသို့ လုပ်ငန်းအာမခံငွေနှင့် လေလံ အရစ်ကျပေးသွင်းထားမှုအပေါ် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။