Thu. Sep 19th, 2024

admin

10 November 2023 – Kachinwaves စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ တုံစီကျေးရွာအနီး ဖြစ်ပွါးခဲ့သည့် တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းစစ်ကြောင်းကို ဗန်းမောက် – အင်းတော်အစပ် တုံစီနှင့် မြသီတာကျေးရွာကြားတွင် အင်းတော်... Read More
10 November 2023 – Kachinwaves ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ယမန်နေ့နံနက်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။ စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည့် ကြံခင်းကျေးရွာ၏ ရာအိမ်မှူးဦးစိုးနိုင်မှာ မန်ပုံ IDP camp အရှေ့ရှိ “ဦးထီး” လက်ဖက်ရည်ဆိုင်အတွင်း ပစ်သတ်ခံရသည်ဟု... Read More
10 November 2023- Kachinwaves တိုက်ပွဲများနှင့် ပိုမိုနီးကပ်လာသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ ဝိုင်းမော်စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညကစပြီး ခြေလျင်၊ ဆိုင်ကယ်၊ ကား အိမ်စီးကားများဖြင့် ကင်းလှည့်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်နေရသည်ဟု ဝိုင်းမော်ရှိဆွေမျိုးနီးစပ်သူထံမှ... Read More
9 November 2023- Kachinwaves တိုက်ပွဲဖြစ်ပွါးသည့် စစ်ကိုင်း – ကချင်အစပ်နေရာသို့ လေကြောင်းပစ်ကူလာသည့် စစ်ကောင်စီတိုက်လေယာဉ်များမှ SNA ၏ တပ်စခန်းများအား ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ် ပူးပေါင်းအထိုင်ချထားသည့် သံယောဇဉ် တပ်စခန်းနှင့် ဥရုချောင်း ကြိုးတံတားအနီးရှိ တပ်စခန်းများကို... Read More
9 November 2023 – Kachinwaves ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က လိုင်ဇာမြို့အနီးရှိ ရှေ့တန်းစစ်မျက်နှာပြင် နေရာများတွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်သွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ နမ်ဆန်ယန်ကျေးရွာသို့အသွား မိုင်ဆတ်ပါရွာအနီးတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အပေါ်ကနေ လေယာဉ်နဲ့ ဇောက်ထိုးဆင်းပြီးတော့မှ စက်သေနတ်နဲ့ ဆွဲသွားတာ”ဟု... Read More
9 November 2023 – Kachinwaves ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ တရားရေးဆိုင်ရာ ဝန်ထမ်းများ ရုံးပိတ်သိမ်းရန်အတွက် အမှုသည်များကို ရုံးချိန်းများအလောတကြီး ခေါ်ယူနေကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်တွင် ဝိုင်းမော်မြို့မှအလုပ်လုပ်နေသည့် တရားရေးဝန်ထမ်းများမှာ ရုံးဌာနမှထွက်ခွါရန် ပြင်ဆင်နေကြသည်ဟု ရုံးချိန်းသွားရောက်သူများထံမှ ကြားသိရကြောင်း မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဝိုင်းမော်တရားရုံးကလူတွေက... Read More
9 November 2023 – Kachinwaves စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့နှင့် ပင်လည်ဘူးမြို့တို့ကို တော်လှန်ရေးတပ်ပေါင်းစုများ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယမန်နေ့ကစပြီး ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ကစပြီး ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့်... Read More
8 November 2023 – Kachinwaves လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ – LNDP (ဒူးလေးပါတီ)၏ ဥက္ကဌဟောင်း၊ ဦးရွှေမင်း ဦးဆောင်ပြီး လီဆူလူမျိုး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ စီမံချက်ကို ယမန်နေ့ကစပြီး ဝိုင်းမော်မြို့နယ်အတွင်း စတင်စည်းရုံးလှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။ ဝိုင်းမော်မြို့နယ်၊ သာဂရရပ်ကွက်တွင် နေထိုင်သည့် လီဆူတိုင်းရင်းသား... Read More
7 November 2023- Kachinwaves စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း ယနေ့မွန်းလွဲ ၂ နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အင်းတော်မြို့အနီးရှိ၊ နန်းခင့်ကျေးရွာနှင့် နဘားကျေးရွာအနောက်ဘက်ရှိ တောင်ကြားထဲသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း နဘားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “တောင်ကြားထဲကို ကြဲသွားတာ... Read More
7 November 2023 – Kachinwaves ရေခဲဖုံးလွှမ်းသည့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်က ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့ည၌ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးသလို မီးလောင်သွားသည့် အိမ်ခြေအရေအတွက်ကိုလည်း မသိရသေးပါ။ ရှိန်းခေါင်ကျေးရွာသည် တရုတ်မြန်မာနယ်စပ် ကျေးရွာဖြစ်ပြီး... Read More

နောက်ဆုံးသတင်းများ