စစ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ကိုးရာကျော်သေဆုံးပြီး၊ ရှစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်ဟုဆို
9 February 2024 – Kachinwaves
ပြီးခဲ့သည့်နှစ် နောက်ဆုံးလေးလပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ၇၅၀ ခုရှိခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် ၆ ကြိမ်ရှိခဲ့သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၂၄၉) ဦးသေဆုံးခဲ့ပြီး (၄၂၀) ဦးဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း (၁၆၅၂) ခုရှိခဲ့ပြီး သေဆုံးသူအရပ်သား (၉၃၆) ဦးရှိခဲ့ကာ (၈၇၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်သည်။