တလူးကျေးရွာမှ ဆုတ်လာသည့် ခလရ ၈၆ နှင့် တနိုင်းမှ အင်အားဖြည့် လာကြိုသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
10 February 2024 – Kachinwaves
စခန်းသိမ်းခံရသဖြင့် တလူးကျေးရွာမှ ဆုတ်လာသည့် ခလရ ၈၆ စစ်ကောင်စီတပ်ရင်းအား တနိုင်းမှ တပ်အင်အားဖြည့်လာကြိုပြီး ပြန်လာသည့် စစ်ကြောင်းကို လဂျားဘွမ်အနီးတွင် KIA မှ ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် တလူး (Dalu) ကျေးရွာတွင် စခန်းထိုင်သော ခလရ ၈၆ စစ်ကောင်စီတပ်ရင်းကို ဇန်နဝါရီ ၂၈ ရက်နေ့၌ KIA တပ်ဖွဲတို့က သွားရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
၎င်းသိမ်းပိုက်ခံရသည့် ခလရ ၈၆ တပ်ရင်းကို တနိုင်းစစ်ကောင်စီတပ်မှ အင်းအားဖြည့်လာကြိုပြီး တရုံကျေးရွာဘက်မှ ဆင်းလာသည့်လမ်းတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ အထိအခိုက် အသေးစိတ်ကိုတော့ မသိရပါ။