Fri. May 17th, 2024

admin

ဖေဖော်ဝါရီ(၅)ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကျင်းပခဲ့သည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနား နှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသူ နှစ်ဦးအား ယနေ့ အကျဉ်ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အဆိုပါကိစ္စအား လိုက်ပါကူညီပေးနေသူ Rev.Dr Maji La Wawm ကဆိုသည်။ ထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ Rev.ဘိမာဒေါင်လွမ်း နှင့်... Read More
၁၁ ဖေဖော်ဝါရီ ၂၀၂၀ မရန် စစ်မြေပြင်တွင် ကျည် ၇ချက်ထိသည့်တိုင် တိုက်ပွဲဝင်ခဲ့သည့် ကချင်စစ်သားဟောင်းကြီး နန်ဇိန်ထွဲဝါ (Nangzing Htoi Wa)သည် ယခုအချိန်ထိ ယခင်စစ်သားဘဝ အတွေ့အကြုံများကို မှတ်မှတ်ရရ ဖြစ်နေဆဲဖြစ်သည်။ “Burma Campaign” စာတမ်းပါ ရင်ထိုးလေးကို ဧည့်သည်လာတိုင်းထုတ်ပြပြီး ရင်ထိုးထားလျှက်ရှိသည်။ ယင်းရင်ထိုးလေးသည်... Read More
မရန် နှစ်ပေါင်း (၅၀)နီးပါးကြာရှည်ခဲ့သည့် စစ်အာဏာရှင်စနစ်ပြီးနောက် ပထမဆုံးသော ပြည်သူ့အစိုးရကို ရွေးကောက်တင်မြောက်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအစိုးရအတွက် စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲဖြစ်သည်။ စိန်ခေါ်မှုများစွာထဲက လူထုကြားမှ “သတင်းအမှားနှင့် တမင်တကာဖန်းတီးထားသည့် အန္တရာယ်ရှိသောသတင်း”များသည် ထိရှလွယ်သည့် ဒီမိုကရေစီပြောင်းလဲမှု လမ်းစဉ်အတွက်အဓိက ပြသနာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မတိုင်မီအထိ သတင်းအချက်အလက် ဖြန့်ဝေခြင်းကို ပိတ်ဆို့ခဲ့သော်လည်း... Read More
တစ်ကျော့ပြန် ကချင်စစ်ပွဲ (၇)နှစ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း ၃၈၆၂ ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၇နှစ်တာကာလတွင် တိုက်ပွဲကြိမ်ရေအများဆုံးသည် ၂၀၁၂ – ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပြီး တိုက်ပွဲပေါင်း ၈၀၀ ခန့်အထိ ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို သတင်းရင်းမြစ်များအရ သိရသည်။ တပ်မတော်မှ... Read More
မနက်ဖြန် ဇွန်လ ၉ရက်နေ့ မြစ်ကြီးနားမြို့ စီတာပူနောင်ကွင်းတွင် ကျင်းပမည့် ကချင်ဒေသ စစ်ပွဲ ၇ နှစ်ပြည့် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွင် ဘုရားသခင်ထံ ခွန်းအားယူဆုတောင်းခြင်းနှင့် စစ်ဘေးဒုက္ခသည်စခန်းမှ လူငယ်များ၏ ၇နှစ်တာကာလမှာ တွေ့ကြုံခဲ့ရသော အခက်အခဲများကို ပြဇာတ်ဖြင့် သရုပ်ဖော်ပြသသွားမည် ဖြစ်ကြောင်း အဆိုပါအစီအစဉ်၏ ခေါင်းဆောင်ဖြစ်သူ ဦးဇော်ဂျတ်က ပြောသည်။... Read More
ပြည်တွင်းငြိမ်းချမ်းရေးကို ဂုဏ်သိက္ခာရှိရှိပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် နိုဝင်ဘာလတွင်ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ပူးပေါင်းထားသည့် ကချင်သုံးပါတီကိုယ်စား အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မြစ်ကြီးနားနေရာအတွက်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း KDP ပါတီဥက္ကဌ ဦးအောင်ခမ်း ပြောသည်။ “ပူးပေါင်းထားတဲ့ကချင်ပါတီအနေနဲ့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ အခုယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်အတွင်းမှာ လူမျိုးပေါင်းစုံရှိနေတယ် ဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကို တောင့်တနေတဲ့ပြည်သူတွေအားလုံး အားပေးထောက်ခံ ပေးကြဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။... Read More
ပိတ်မိပြည်သူလွတ်မြောက်ရေး ဆန္ဒပြ ဦးဆောင်သူသုံးဦးအား တပ်မတော်မှ အသရေဖျက်မှုဖြင့် တရားစွဲဆို ထားသောအမှုတွဲကို ချေဖျက်ပေးဖို့အတွက် ကချင်ပြည်နယ်တရားလွတ်တော်ရုံးသို့ ယနေ့ စတုတ္ထအကြိမ် ရုံးချိန်းမှာ တင်ပြထားပြီဖြစ်ကြောင်း တရားစွဲဆိုခံရသူ ဒေါ်နန်ပူ၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။ “ ဒီအမှုဟာဆိုရင် ဆွဲဆိုဖို့ မသင့်ဘူးပေါ့နော်၊ အခုတလောစစ်ထားတဲ့အပေါ်မူတည်ပြီးမှ အမှုတွဲကို ချေဖျက်... Read More
ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရရှိလာစေရန် ရည်ရွယ်ပြီး မေလ ၂၈ ရက်နေ့ က ကက်သလစ်ဘာသာဝင် ငါးထောင်ကျော်က “မယ်တော်သခင်မ၊ ဘုရားရဲ့မိခင်ကို သဒ္ဒါကြည်ညို စိတ်ပုတီးစိတ် စီတန်းလှည့်လည် ဆုတောင်းခြင်းအစီအစဉ်” ကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။... Read More
ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူသုံးဦးကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်းသည် တပ်မတော်အနေနဲ့ စွဲဆိုထားခြင်းမဟုတ်ပဲ၊ တပ်မတော်ကို အသရေဖျက်ပြောဆိုမှုကို တပ်မတော်သားတစ်ဦးအနေနဲ့ စွဲဆိုခြင်းဖြစ်သည်ဟု တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားရုံးတွင် ထွက်ဆိုကြောင်း တရားစွဲဆိုခံရသူ ဒေါ်နန်ပူ၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။ “ဒီနေ့ထွက်ဆိုတဲ့အထဲမှာလည်း လက်ရှိတိုက်ပွဲအခြေအနေကို သူကိုယ်တိုင်ပါဝင်ခြင်း... Read More
ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရရှိလာစေရန် ရည်ရွယ်ပြီး ကက်သလစ်ဘာသာဝင်များက မယ်တော်သခင်မ၊ ဘုရားရဲ့မိခင်ကို သဒ္ဒါကြည်ညို စိတ်ပုတီးစိတ် စီတန်းလှည့်လည် ဆုတောင်းခြင်းအစီအစဉ်ကို မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုန်းတော်ကြီး ဒေါက်တာ ပီတာခါးအောင်တူးက ဆိုသည်။ “မယ်တော်သခင်မအားဖြင့် သူရဲ့သားတော် သခင်ခရစ်တော်၌ တောင်းလျှောက်တဲ့ စိတ်ပုတီးစိတ်တယ်၊... Read More

နောက်ဆုံးသတင်းများ

1 min read