သင်္ကြန်ကာလအတွင်း ယာဉ်မောင်းများ လိုက်နာရန် အချက် (၁၁) ထုတ်ပြန်
ကချင်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ မဟာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းများလိုက်နာရန် အချက် (၁၁)ချက်ပါသည့် သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲထံမှ သတင်းရရှိသည်။
အဆိုပါထုတ်ပြန်ချက်တွင် ပွဲတော်ကာလအတွင်း မူးယစ်သောက်စားယာဉ်မမောင်းရန်၊ ပြိုင်မောင်းခြင်း လုမောင်းခြင်း မပြုလုပ်ရန်၊ အိတ်ဇောပိုက်ဖြုတ်ထားခြင်း ပါဝါအိတ်ဇောတပ်၍ ဆူညံစွာပြုလုပ်မောင်းနှင်ခြင်း မပြုလုပ်ရဟု ပါရှိသည်။
ထို့အပြင် လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ သတ်မှတ်ဝန်ထက်ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်နံပါတ်ပြားအတု တပ်ဆင်ခြင်း မပါရှိခြင်း၊ ယာဉ်ဘေးတံခါးများ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်း ယာဉ်အိုများ ပြုပြင်ဆဲယာဉ်များ မောင်းနှင်ခွင့်ရှိမည်မဟုတ်ပဲ ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
သင်္ကြန်ကာလတွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားလေ့ရှိပြီး ဆေးရုံနှင့် ရဲစခန်းများတွင်လည်း လူစည်ကားလျှက်ရှိတတ်တာကြောင့် ထိန်းသိမ်းနိုင်သည့် အနေအထားဖြင့်သာ ပျော်ပါးကြဖို့ တိုက်တွန်းလိုကြောင်း အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး ဒုရဲမှူး ကျော်စိုးဦးက ဆိုသည်။