ဖားကန့်မြို့မှ မြေသိမ်းခံရသူတစ်ဦး မြစ်ကြီးနားမြို့တွင် တစ်ကိုယ်တော် ဆန္ဒပြ
ကျောက်မျက်ကုမ္ပဏီနှစ်ခုမှ ဖားကန့်မြို့နယ် လုံးခင်း(အောက်ချိုင့်)လူနေရပ်ကွက်မြေကိုသိမ်းယူပြီး လုပ်ကွက်ဆွဲခဲ့သည့်ကိစ္စကို ကချင်ပြည်နယ်အစိုးရမှ ကွင်းဆင်းစစ်ဆေးပေးရန် တောင်းဆိုသည့်အနေဖြင့် ဖားကန့်မြို့မှ ဦးထွန်းထွန်းသည် ယနေ့နံနက်တွင် မြစ်ကြီးနားမြို့၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သည်။
အိမ်ခြေ (၃၀)ရှိသည့် ရပ်ကွက်မြေကိုကုမ္ပဏီမှ သိမ်းယူခဲ့သော်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်မှ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ကချင်ပြည်နယ်အစိုးရသိအောင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်သည်ဟု ဦးထွန်းထွန်းက ပြောသည်။
အဆိုပါမြေသိမ်းခံရမှုကို အစိုးရမှဖြေရှင်းပေးခြင်း မရှိမချင်း ဆန္ဒထုတ်ဖေါ်ခြင်းကို ဆက်လက်ပြုလုပ်မည် ဖြစ်သည်ဟု ဦးထွန်းထွန်းက ဆိုသည်။