4 December 2023 – Kachinwaves စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံကာ အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နောက်ဆုံးထားကာ ပြည်သူ၊ လူထုဘက်မှရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ... Read More
admin
2 December 2023 – Kachinwaves စစ်ကိုင်းတိုင်း အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များသည် ခရီးသည်များထံမှ မှတ်ပုံတင်များစစ်ဆေးနေပြီး ဖုန်းထဲရှိ ဓာတ်ပုံများပါ ကွန်ပျူတာဖြင့် မွှေနှောက် စစ်ဆေးဖမ်းဆီးမှုများလုပ်နေကြောင်း Indaw Revolution_IRအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ၂၆ ရက်နေ့တွင် ဗန်းမော်မန်း Express ကားဖြင့် တရုတ်ပြည်မှ... Read More
1 December 2023 – Kachinwaves စစ်အာဏာရှင်နှင့်ပူးပေါင်းနေသော SNA တပ်အား ဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ဒေသခံရှမ်းနီလူငယ်များမှ အိမ်တွင်းသပိတ် ပြုလုပ်ဆန်ကျင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးမှုများရှိသည့်ကြားမှ နိုဝင်ဘာ ၂၉ ရက်နေ့ညပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု ဒေသခံရှမ်းနီလူငယ်တစ်ဦးထံမှ သိရသည်။ ... Read More
1 December 2023 – Kachinwaves မြစ်ကြီးနားမြို့ စီတာပူ – တပ်ကုန်း လမ်းမကြီးဘေး (အမှိုက်ပုံလမ်းကြား မရောက်မီ) ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားစဥ် လူငယ် ၄ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် လမ်းပိတ်တားဆီးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး အလားတူလုယက်မှု ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။ လွန်ခဲ့သည့်... Read More
1 December 2023 – Kachinwaves ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို TNLA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က ယနေ့နံနက် ၅ နာရီတွင် သိမ်းပိုက်လိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၅)ရက်အကြာ ယနေ့ ဒီဇင်ဘာ ၁... Read More
မြစ်ကြီးနားမြို့တွင် ကုန်စျေးနှုန်းေတွ မသိမသာ ကျဆင်းလာပေမယ့် အရင်ဈေးနှုန်းပြန်မရောက်နိုင်တော့
1 min read
1 December 2023 – Kachinwaves နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေတွေအရ မြစ်ကြီးနား – မန္တလေး – ရန်ကုန်သွားလမ်းဖြစ်တဲ့ ပြည်ထောင်စုကားလမ်းမကြီးပေါ် သွားလာဖို့ ယာယီပိတ်ပင်ခဲ့တဲ့နောက် ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ ရက်ပိုင်းအတွင်းကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုဂယက် ကြုံခဲ့ရပါတယ်။... Read More
ရွှေကူမြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စကစ စခန်းတစ်ခုအား မြို့လှ KPDF တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
1 min read
1 December 2023 – Kachinwaves ကချင်ပြည်နယ်၊ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် လှုပ်ရှားသည့် မြို့လှ KPDF တပ်ဖွဲ့သည် ယနေ့နံနက် ၈ နာရီတွင် ရွှေငြိမ်းချမ်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ကျောက်ကြီးရွာနှင့် မြို့လှမြို့ကြားရှိ ရွှေငြိမ်းချမ်းကျေးရွာတွင် တပ်စွဲထားသည့်... Read More
1 December 2023 – Kachinwaves ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဒေါင်လုံရွာမှ ကချင်နှစ်ခြင်းခရစ်ယာန် (KBC) အသင်းတော်၏ ဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်ခံရ၍ ကွယ်လွန်သွားကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က... Read More
စစ်ဆင်ရေး တိုက်ပွဲများတွင် ရှုံးနှိပ်ရသည့်အကြောင်းရင်းများကို စစ်ခေါင်းဆောင်က ဦးစားပေးရှင်းပြခဲ့ရ
1 min read
30 November 2023 – Kachinwaves စစ်ကောင်စီဥက္ကဌက ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေး၌ ရှုံးနှိပ်ရသည့်အကြောင်းရင်းများကို အကျယ်တဝန်းရှင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေးကို အခွင့်အရေးယူ၍ အင်အားတိုးချဲ့စုဆောင်းခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် စစ်ကောင်စီဥက္ကဌက KIA သည် ၂၀၂၁... Read More
30 November 2023 – Kachinwaves လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) (သို့) ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်းကိုယ်တိုင်ကွင်းဆင်းပြီး ပြည်သူ့စစ်လိုက်လံ စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ နိုဝင်ဘာ ၂၇ ရက်နေ့က လီဆူလူမျိုးများ နေထိုင်သည့် ဝိုင်းမော်မြို့၊ သာဂရရပ်ကွက်ရှိ လီဆူနှစ်ခြင်းအသင်းတော်သို့ ဦးရွှေမင်းကိုယ်တိုင်လာရောက်ပြီး ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက်... Read More