ရွှေကူမြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စကစ စခန်းတစ်ခုအား မြို့လှ KPDF တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
1 December 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် လှုပ်ရှားသည့် မြို့လှ KPDF တပ်ဖွဲ့သည် ယနေ့နံနက် ၈ နာရီတွင် ရွှေငြိမ်းချမ်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ကျောက်ကြီးရွာနှင့် မြို့လှမြို့ကြားရှိ ရွှေငြိမ်းချမ်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၃ နာရီကစပြီး စတင်တိုက်ခိုက်ခဲ့ရာ ငါးနာရီအကြာတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု မြို့လှ KPDF နှင့်နီးစပ်သူက ဆိုသည်။
“စခန်းက အကုန်ရပြီ။ သုံ့ပန်းမိတယ်။ လက်နက်တွေရော”
မြို့လှ KPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလည်း စခန်းသိမ်းနိုင်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။
သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီစခန်းသည် စစ်အာဏာမသိမ်းမှီကာလကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအင်အား ၃၀ ခန့်ရှိကြောင်း သိရသည်။
===