Wed. Jan 15th, 2025

admin

– ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအုပ်စုမှာ ဒီရက်ပိုင်းအတွင်း ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၃ လောင်းရှိနေပြီလို့ သိရှိရပါတယ်။ မနေ့က ဆိုင်းတောင်ကျေးရွာ၊ ရွာဟောင်းဘက် ဂျန်ကပ်လှိုဏ်ဂူ ဘုန်းကြီးကျောင်းလမ်းဘေးက ဝါးရုံတောမှာ လည်ပင်းဓားထိုးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ “ဝါးရုံတောထဲမှာ တွေ့တာ။... Read More
– KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားတဲ့ မံစီစစ်တပ်စခန်းတွေကနေ မူးယစ်ဆေးရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့တုန်းက မံစီမြို့စောင့်တပ် ခမရ (၆၀၁) နဲ့ ခမရ (၃၁၉) တပ်စခန်းကနေ မူးယစ်ဆေးရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မျက်စိလည်လမ်းမှားလာတာကြောင့် ဖမ်းဆီးထားတယ်လို့... Read More
– မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ နေရာကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်စီးနိုင်ခဲ့၍ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားသည်။ ယနေ့နံနက် ၅ နာရီအချိန်တွင် ရွာကိုစတင်ဝင်ရောက်စီးနင်းရာ ၆ နာရီခွဲအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားချိန်... Read More
– ဇွန်လအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှု အချက်အလက်များကို ဆန်းစစ်ကြည့်သည့်အခါ အဓိက ထူးခြားချက် (၂) ခု တွေ့ရှိရသည်။ ပထမတစ်ခုမှာ ယခင်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ပစ်ခတ်လေ့ရှိသော စစ်ကောင်စီတပ်သည် ယခုအခါ ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်သည်ကို တွေ့လာရသည်။ Kachin Waves... Read More
– ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နဲ့ ဝူယန်ကျေးရွာကြားရှိ ကားလမ်းကို ဒီမနက် ၆ နာရီလောက်မှာ စစ်ကောင်စီက ‌ဘက်ဖိုးနဲ့မြောင်းတူးဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောပါတယ်။ “ကျွန်တော်တို့တော့ စစ်ရှောင်နေတယ်။ တစ်ချို့အ‌နည်းငယ်ကတော့ မရှောင်တဲ့သူတွေ ပြောတာတော့ ဒီမနက် ဝူယန်ပြန်တဲ့ လမ်းဖျက်လိုက်ပြီလို့ ပြောပြတယ်။”လို့ ဒေသခံများတစ်ဦးက ပြောပြပါတယ်။ အဆိုပါကားလမ်းဟာ ဝိုင်းမော်မြို့ကနေ... Read More
– စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး၌ ကင်းပတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သေနတ် ၂ လက်ရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့နှင့်... Read More
– မန္တလေးတိုင်း၊ စဉ့်ကူးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြို့ထဲရပ်ကွက်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင်လ (၁၄) ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့... Read More
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။ စီစဉ်တင်ဆက်သူ – Yu San – ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ရစဉ်တုန်းက စစ်သံငြိမ်သက်ခဲ့တဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့အနီးတစ်ဝိုက်ဟာ ရေကျပြီးနောက်ပိုင်းမှာတော့ လက်နက်ကြီးသံတွေ ထွက်ပေါ်လာပြန်ပြီ ဖြစ်ပါတယ်။ မတ်လကတည်းက စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့မေလက ရွှေညောင်ပင် ခမရ ၃၂၁... Read More
– “အေး … အဖွားခံစားနေရတဲ့အရာတွေကိုတောင် ပြောမပြနိုင်တော့ဘူး။ ဒီခန္ဓာကိုယ်ကို ကြည့်ရင်တောင် မြင်သာနေပါပြီ။ ဒီအကြောင်းတွေပြောရင် ငိုချင်လာတယ်။ အခုတော့ ဒီလိုအိမ်ပြန်လုပ်ယူဖို့ မတတ်နိုင်တော့ဘူး။ ခံစားချက်တွေကို ဖော်ပြလို့တောင် မဖော်ပြတတ်တော့ဘူး။ ဒီခံစားချက်တွေကို အရမ်းကိုတောင့်ခံသည်းခံပြီး နေနေတာ။ အခုအဘွားက သားယောကျာ်းလေးလည်း မရှိတာကြောင့် ပိုပြီးတော့ စိတ်ဆင်းရဲတယ်။ ပိုပြီးတော့... Read More
– ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ မနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ KIA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးက KIA ပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ “KIA ဘက်က သူတို့ဘက်ကိုကပ်တာနဲ့ လှမ်းပစ်တဲ့ ပုံစံမျိုးပေါ့ဗျ။... Read More

နောက်ဆုံးသတင်းများ