Wed. Jan 15th, 2025

admin

– စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေမှာ ရေဘေးကြုံတွေ့နေရပြီး အစားအသောက်များ ပြတ်လပ်နေသလို နာရေးဖြစ်ရင်တောင် အလောင်းကိုမြေမချရပဲ ရေထဲမျှောချရတဲ့အထိ ဖြစ်နေတယ်လို့ ရေဘေးကြုံနေရတဲ့ ဒေသခံတွေထံက သိရပါတယ်။ ကသာမြို့နယ်ထဲက ရေဘေးကြုံနေရတဲ့ ကျေးရွာတွေကတော့ ကသာမြို့ရဲ့အောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ တဖန်းကိုင်း၊ တုံးပေါ၊ ရေဘုတ်၊ ဝဲကြီး၊ ပန်းသေး၊... Read More
. – “ညတိုင်း ပုံမှန် အင်တာနက်သုံးဖို့ သုသာန်ကို သွားလေ့ရှိတယ်။ ည ၉ နာရီ ဆိုရင်တော့ အိမ်ကိုပြန်လာလေ့ရှိတယ်။”ဟု ကိုမြင့်မြတ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။ ၂၀၂၄ ဇူလိုင် ၈ ရက်နေ့တွင် ကိုမြင့်မြတ်ဦးတစ်ယောက် ပုံမှန်အတိုင်း အင်တာနက်သုံးရန် ၄င်းနေထိုင်ရာ စိုင်နိုင်ကြီးကျေးရွာမှ ရွာပြင်သုဿန်သို့... Read More
– အင်းတော်ကြီးဒေသ နန့်မွန်းမြို့အတွင်း တပ်စွဲထားတဲ့ ပြည်သူ့စစ်အဖွဲ့က အရပ်သားလူငယ်တွေကို ဖမ်းဆီးနေပြီး စစ်သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ထဲက ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နဂိုကတည်းကရှိနေတဲ့ ဂိတ်စခန်းတွေမှာ ပြည်သူ့စစ်တပ်တွေ အထိုင်ချထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက... Read More
– နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် တွဲလိုက်ပစ်ဒုံးလက်နက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် မတ္တရာမြို့ အင်ကြင်းမြိုင်လေတပ်စခန်းမှ သိမ်းပိုက်ရရှိထားသည့် လေယာဉ်ပစ် စက်သေနတ်အကြီးများနှင့် ပတ်သက်၍လည်း လေ့ကျင့်ပြင်ဆင်ပြီးဖြစ်ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်တိုက်ခိုက်ပြီး သီတင်းနှစ်ပတ်ကြာတွင် နောင်ချိုမြို့နယ်ရှိ... Read More
– စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးလက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ်ကလေးရဲ့ မိခင်ဆရာမတစ်ဦး၊ တော်လှန်ရေးရဲဘော် ၅ ဦးနဲ့ ဆေးလာကုတဲ့ ပြည်သူတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့အသံရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ ဇူလိုင် (၁၀)... Read More
– “ဒီအတိုင်းသာဆို ကျမတို့ လက်လုပ်လက်စားသမားတွေရဲ့ဘဝက ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ ငတ်သေဖို့ပဲ ရှိတော့တယ်။ အရင်တုန်းက မိသားစုငါးယောက်ရှိတာ၊ သုံးယောက်အလုပ်လုပ်ရင် ချောင်လည်ပြီး နေလို့စားလို့ရတယ်။ အခုလုံးဝ မရတော့ဘူး၊ မငတ်ရုံတမယ်ပဲ ရှိတော့တယ်။” ယခုလိုပြောပြနေတာကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်ဝိုင်းကြည်... Read More
စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။ စီစဉ်တင်ဆက်သူ – Yu San 9 July 2024 – Kachinwaves ၂၀၂၄ ရဲ့ ဇန်နဝါရီလ အစောပိုင်းကစပြီး စစ်ရေးဖော်ဆောင်မှုတွေရှိခဲ့တဲ့ ကချင်ပြည်ဟာ ဇွန်လနှောင်းပိုင်းကစပြီး ငြိမ်သက်သွားခဲ့ပါတယ်။ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်အစောပိုင်း နေ့ရက်နေ့တွေမှာ စစ်ရေးတင်းမာပြီး လက်နက်ကြီးသံတွေ နေ့တိုင်းလိုလို... Read More
9 July 2024 – Kachinwaves ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် ရှမ်းမန်းစစ်ဆင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စုဖွဲ့ထားတဲ့ ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျှက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းမန်းစစ်ဆင်ရေးမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲက... Read More
9 July 2024 – Kachinwaves စစ်ကောင်စီတပ်ရဲ့ ကျေးရွာမီးရှို့ဖျက်ဆီးမှုတွေကြောင့် မီးဘေးသင့်နေတဲ့ ပြည်သူအတွက် အရေးပေါ်လိုအပ်နေတဲ့ မိုးကာတွေကို လှူဒါန်းပေးခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ထံမှ သိရပါတယ်။ ရေဦးနယ်အတွင်းက မီးဘေးသင့် ပြည်သူတွေဖြစ်တဲ့ အိမ်ထောင်စု ၁၁၀ ကို (၁၅ × ၁၈)... Read More
9 July 2024 – Kachinwaves မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးမှာ မန္တလေး PDF တပ်ဖွဲ့တွေက တပ်စခန်း ၁၁ ခု သိမ်းပိုက်ထားနိုင်ပြီး စစ်ဆင်ရေးအတွင်း သပိတ်ကျင်းမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်းအောင် (OTC) အပါအဝင် (၁၅)... Read More

နောက်ဆုံးသတင်းများ