17 February 2022-Kachinwaves ကချင်ပြည်နယ် မိုးမောက်မြို့ရှိ ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက် ကြားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ ယနေ့ မွန်းတည့် ၁၂နာရီခန့်မှ ၁နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရှောင်စခန်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ယခုအချိန် နှစ်ဖက် စောင့်ကြည့်နေသည့် အနေအထားဖြစ်ပြီး ခါနန်စစ်ရှောင်ဒုက္ခသည်စခန်းမှ... Read More
admin
17 February 2022 – Kachinwaves ကိုးကန့်တပ် (MNDAA)အဖြစ် လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကို တည်ထောင်သူ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ဖေဖော်ဝ်ရီလ ၁၆ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ ဦးဖုန်ကြားရှင်က ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုးကန့်အမျိုးသားရေးအတွက်... Read More
16 February 2022-Kachinwaves ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဖတ်မာကျေးရွာမှ လင်မယားနှစ်ဦးသည် ဖေဖော်ဝါရီလ ၁၅ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးနေချိန် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ၎င်းလင်မယားနှစ်ဦးသည် ကျေးရွာအနီးသို့ ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် သေနတ်သံများကြောင့် ဆိုင်ကယ်နှင့် ထွက်ပြေးတိမ်းရှောင်နေစဥ် လမ်းမဘေးတွင်... Read More
15 February 2022-Kachinwaves ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာနှင့် ဖတ်မာကျေးရွာကြားတွင် ယနေ့ည ၈နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ လုံရှာယန်ကျေးရွာအနီးတွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကြီးလည်း အရမ်းမြည်တယ်၊ သေနတ်သံတွေလည်း မြည်တယ်၊ နှစ်ဖက်ဆုံလို့... Read More
15 Feb 2022-Kachinwaves ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကေအိုင်အေအမှတ် (၁)တပ်မဟာ၊ အမှတ် (၁၀)တပ်ရင်းနယ်မြေ၊ မလိယန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခ.လ.ရ (၁၃၈) နှင့် ကေအိုင်အေတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအရှုံးရှိကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့သို့ စစ်ကောင်စီ တပ်များမှ... Read More
15 February 2022-Kachinwaves ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းကျောင်းတွင် ကိုဗစ် -၁၉ရောဂါပိုးတွေ့လူနာ တွေ့ရှိသော်လည်း ကျောင်းကို ဆက်လက်ဖွင့်နေကြောင်း သိရသည်။ ဖားကန့်မြို့ အထက်တန်းကျောင်းမှ ဆရာမ (၃)ဦးနှင့် (၆)တန်း၊ (၈)တန်းနှင့် (၉)တန်းမှ ကျောင်းသား(၈)ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအထက်တန်းတွင် ကျောင်းသား (၂၀၀)ခန့်... Read More
14 February 2022 – Kachinwaves ဆွမ်ပရာဘွမ်မြို့ဒေသခံများအပါအဝင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများလည်း အမှိုက်ကို သတ်မှတ်နေရာ အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ် တတ်လာရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် အသိပညာများရရှိလာရန် ဆွမ်ပရာဘွမ်လူငယ်များ မြို့အတွင်းအမှိုက်ကောက်ပြီး ပတ်ဝန်းကျင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ စိမ်းလန်းစိုပြည်သော ဆွမ်ပရာဘွမ်ဒေသသည် ဒေသခံပြည်သူများအတွက်... Read More
14 February 2022-Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးက အဝိုင်းပတ်အနီးတွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် အသက် (၂၄)နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး၏ အလောင်းကို ယနေ့ထုတ်ယူပြီး သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့ည ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း အဝိုင်းပတ်အနီး ကားဖြင့်ဖြတ်လာသည့်... Read More
13 February 2022 – Kachinwaves ၂၀၀၈ ဖွဲ့စည်းပုံကို ပြယ်ဖျက်ကြောင်း အသိအလင်းကြေညာပြီးဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက်ရှိနေပြီဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း လမ်းပွင့်သွားပြီလို့ မှတ်ယူနိုင်ကြောင်း မနေ့က NUG အစိုးရမှဦးစီးကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် KIO ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်က ပြောကြားခဲ့ပါတယ်။... Read More
12 February 2022 – Kachinwaves ကချင်ပြည်နယ် ဖားကန့်မြို့နယ် စုပေါင်းရုံးရှေ့၌ ယနေ့နံနက် ၆နာရီခွဲခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် စစ်ကောင်စီများမှ ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေကြသည့်အတွက် ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ လမ်းများကို... Read More