ရှမ်းမြောက်မှာ စစ်ကောင်စီ စစ်ကြောင်းအား ကကေအိုင်အေ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီမှ သေဆုံး ဒဏ်ရာရသူရှိ
28 March 2022-Kachinwaves
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါကျေးရွာအထက် မန်နောင်ကောင်တွင် ယနေ့ နံနက် ၉နာရီခွဲခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေမှ ဆွဲမိုင်း၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက် အကျအဆုံးရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်များမှ ကားနှစ်စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသူများကို လာရောက်သယ်ယူသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျရှုံးမှုရှိ သော်လည်း အတိအကျတော့ မသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးအချို့ မိုင်ဖန်ကျေးရွာသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၂ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း နန့်ခေါင်ဘွမ်တွင် စစ်အင်အား (၁၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။