စစ်အာဏာသိမ်းခေါင်းဆောင် မနက်ဖြန် ပူတာအို သွားမည်ဟု သတင်းထွက်ပေါ်နေ
30 March 2022-Kachinwaves
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနက်ဖြန် မတ်(၃၁)ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုနှင့် ခေါင်းလန်းဖူးသို့ ရဟတ်ယာဉ်ဖြင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ပူတာအိုမှာလည်း ခဏနားပြီး ခေါင်းလန်းဖူးကို ဆက်တက်မယ်လို့ သိထားတယ်။ ပူတာအို ၄၆ ဗျူဟာတပ်မှာ ကြိုဖို့ပြင်ဆင်ထားကြတယ်။”ဟု ပူတာအိုဒေသခံတစ်ဦးကပြောသည်။
ပူတာအိုက ရဝမ်ရိုးရာ ယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲနှင့် ပူတာအို-ခေါင်လန်းဖူး ကားလမ်းဖွင့်ပွဲ ပါဝင်ရန် ဖြစ်ကြောင်း သိရသည်ဟုလည်း ပြောသည်။
ခေါင်းလန်းဖူး-ရှိန်းခေါင် ရေခဲတောင်အထိလည်း လမ်းသစ်ဖောက်နေပြီး ထိုလမ်းသစ်ဖောက်သည့် အခြေအနေနများကို သွားကြည့်ရန် ဖြစ်နိုင်ကြောင်း ကြားသိရကြောင်းလည်း ပြောသည်။
ပူတာအိုမှာ လက်ရှိအချိန် စစ်ကောင်စီတပ်များ လုံခြုံရေး ယူထားည်မှာ ယခင်ကထက် ပိုများနေသည်ဟု ဆိုသည်။
ပူတာအိုမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်၍ ကေအိုင်အေနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး ယခုရက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေသည်။