ကေအိုင်အေ တပ်ရင်း(၁၁)ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်
27 March 2022-Kachinwaves
ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန်ကျေးရွာအနီးရှိ ကေအိုင်အေ တပ်ရင်း (၁၁)ကို စစ်ကောင်စီတပ်က ယနေ့နံနက် ၃ နာရီခန့်တွင် လေယာဉ်ဖြင့်ဗုံးတစ်လုံး လာပစ်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ပညာရေးရုံးအဆောက်အဦးတစ်ခုကတော့ ပျက်စီးသွားသည်ဟု ဆိုသည်။
မတ် ၁၉ ရက်နေ့တွင် မြစ်ကြီးနား ၂၁ စုပေါင်းဂိတ်ကို ကေအိုင်အေနှင့် PDF တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
နန်းမား စစ်ကောင်စီအမြောက်တပ်ကလည်း ယနေ့နံနက် အစောပိုင်းအချိန်တွင် ကေအိုင်အေ တပ်မဟာ ၈ ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါသည်။
မိုးညှင်းမြို့နယ် နန်းမားက ပစ်ခတ်မှုကြောင့် ဘုရားကြီးကွင်းကျေးရွာမှာ လက်နက်ကြီးတစ်ခုကျရောက်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နန်းမားဒေသခံတစ်ဦးက ပြောပါသည်။