စစ်ကောင်စီရဲပါဝင်သည့် ဆိုင်ကယ် လုယက်မှု ရွှေကူမြို့တွင် ဖြစ်ခဲ့
27 May 2022 – Kachinwaves
ကချင်ပြည်နယ် ရွှေကူမြို့ရှိ ကချင်သင်္ချိုင်းဟု လူသိများသော နေရာတွင် လွန်ခဲ့သည့် ၁၀ ရက်ခန့်က စစ်ကောင်စီရဲ့တစ်ဦးပါဝင်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။
လုယက်ခံရသည့် ဆိုင်ကယ်ထဲတွင် ဆိုင်ကလုန်း လိုင်စင်ဘီးတစ်စီးပါဝင်ကြောင်း သိရသည်။
ဆိုင်ကယ်လုယက်မှုထဲပါဝင်ခဲ့သည့်ရဲသည် ရွှေကူမြို့ မော်လမြိုင်ကမ်းနားလမ်းကဖြစ်ပြီး ဆိုင်ကယ်လုယက်ခံရသူများက ရဲ၏မျက်နှာကို မှတ်မိနေသလို ရိုက်လုချိန်တွင် ၎င်းရဲ၌ လက်ထိပ်ပါနေသည်ကို တွေ့ရခြင်း ဖြစ်သည်ဟု ရွှေကူမြို့ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်ရိုက်လုခံရသူများက ရဲစခန်းသို့ လိုက်စုံစမ်းရာ ဆိုင်းကလုန်း ဆိုင်ကယ်ကို လုယက်ခဲ့သည့် ရဲကရောင်းစားလိုက်သဖြင့် အခြားဆိုင်ကယ်တစ်စီး အစားထိုးပေးခဲ့သည်ဟုလည်း သိရသည်။
သို့သော် ၎င်းဆိုင်ကယ်ကို စစ်ကောင်စီရဲစခန်းက ပြန်လည် သိမ်းယူသွားသည်ဟု ဆိုသည်။