ဖားကန့်မြို့နယ် ကောင်ဆန်လမ်းခွဲတွင် စစ်ကောင်စီတပ် လက်နက်ရမ်းသမ်းပစ်ခတ်၍ ၁၅နှစ်ကလေး ထိခိုက်၊ ၂ဦးဖမ်းဆီးခံရ
27 May 2022 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကောင်ဆန်လမ်းခွဲ အောင်စုကျေးရွာ တွင် ယနေ့နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် အသက် ၁၅နှစ်အရွယ် မောင်ဖိုးခန့်ဆိုသူဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဓါတ်ပုံရိုက်နေသည့် အရပ်သားပြည်သူနှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့ ဆိုင်းတောင်အနီး၌ တပ်ချိန်းရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့သည်။
ယခုရက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲနှင့် ပစ်ခတ်မှုသတင်းများ နေ့စဉ်နီးပါးကြားနေရသည်။