မြစ်ကြီးနားမြို့တွင် ယနေ့နံနက် ဓါးထိုးပြီးဆိုင်ကယ်လုယက်ခံရသူ သေဆုံးသွား
26 May 2022 – Kachinwaves
ယနေ့နံနက် ၈နာရီခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ အမှိုက်ပုံအနီး၌ ဓားထိုးလုယက်ခံရသည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဆိုင်ကယ်လုယက်ပြီး ဓားထိုးသွားတာလည်ပင်းမှာ ဓားဒဏ်ရာနဲ့ ဟုတ်တယ်။ ဆိုင်ကယ်ကတော့ ပါသွားတယ်”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးခဲ့ရသည့်အမျိုးသားသည် အသက် ၄၀ ကျော်ဝန်းကျင်ရှိပြီး လူနာရှင်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရမ်ဘူရပ်ကွက်တွင် ဘီယာပုလင်းခွံရောင်းဝယ်သည့်အမျိုးသမီးတစ်ဦး ငွေလုယက်ခံရပြီး ဓားထိုးခံရကာ သေဆုံးခဲ့ရသည်။