စစ်ကောင်စီကပေးတဲ့ ဒုက္ခခံစားနေရသည့်ပြည်သူများ
12 Nov 2021 -Kachinwaves
မြစ်ကြီးနားမြိုမှာ လျှပ်စစ်တပ်ဆင်ပြုပြင်သည့်အလုပ်ကို လုပ်ကိုင်နေသောလူငယ်တစ်ဦး ကိုမိုးတစ်ယောက်အတွက်က အာဏာသိမ်းပြီးကတည်းက သူ့ အလုပ်က တရားမဝင် အလုပ်တစ်ခုလို ဖြစ်လာပါသည်။
စစ်အာဏာသိမ်းပြီးနောက် မြိုအတွင်း သွားရေးလာရေးသည် အရင်ကထက် လွတ်လပ်မှုမရှိတော့သကဲ့သို နေရာအနှံ ဖမ်းဆီးမှုတွေ ပေါက်ကွဲသံ၊ပစ်ခတ်သံများကြောင့် ပြည်သူလူထုများ အပြင်ထွက်ရန် စိုးရိမ်ထိထ်လန့်နေကြရတာဖြစ်သည်။
“အလုပ်တွေ အပြင်ထွက်လုပ်ရတဲ့အခါမှာကျွန်တော်ကလျှပ်စစ်မီးလုပ်တာဆိုတော့ ဘယ်သွားသွား ကြောက်နေရတယ် ခုချိန်ခေတ်မကောင်းတော့ မိုင်းခွဲတာခေတ်စားနေတော့ ဝါယာကြိုး ပါရင်ကို ကြောက်နေရတာ”ဟု ကိုမိုးက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြိုသည်လည်း အခြားဒေသများနှင့်နည်းတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့သလို ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုတွေကြောင့် စားဝတ်နေရေး အခက်ခဲပြဿနာများ နေ့စဉ်ကြုံတွေ့လာရပါသည်။
“အာဏာသိမ်းပြီးနောက် အရာရာ အမှောင်ထုလိုဖြစ်သွားပါတယ်။ ဘယ်နေရာ ဘယ်ဂဏ္ဍမဆို ဆုတ်ယုတ်မှုတွေနဲ့ပါပဲ။ ပြည်သူအားလုံး အဖက်ဖက်မှာ နစ်နာဆုံးရှုးမှုတွေကြီးပါပဲ။ အဆင်ပြေမလား မပြေလားဆိုတော့ အခုအချိန်က တော်တော်များများက ဝင်ငွေမရှိတော့တာကြာပြီ။ ရှိတာလေးတွေ ထုခွဲရောင်းပြီးချွေတာစားနေကြတာ။ “ဟု ကိုဗစ်ကာလ ခက်ခဲသူများကို လိုက်လံကူညီတဲ့အဖွဲက မြစ်ကြီးနားဒေသခံတစ်ဦး ဆိုပါတယ်။
ကိုမိုးတစ်ယောက်ကလဲ စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတွေတက်တာကြောင့် အလုပ်လုပ်ကိုင်ရာမှာ အိမ်ရှင်တွေကိုပါ စျေးထပ်တင်တောင်းရတဲ့အတွက် အဆင်မပြေဘူးလိုလည်းဆိုသည်။
အလုပ်အကိုင်များ နည်းပါးလာပြီး လျှပ်စစ်ပြင်သည့် အလုပ်တစ်ခုရရန် မျက်နှာချိုသွေးကာ အချိန်အများကြီးပေး အိမ်ရှင်တွေကို လိုက်လံ ချဉ်းကပ်နေရကြောင်းလည်း ကိုမိုးကဆိုသည်။
မြစ်ကြီးနားမြို မှာ အသီးရောင်းတဲ့ လူငယ်တစ်ဦးကဖြစ်သူ မအမွန်းက မိသားစုစားဝတ်နေရေး ပြေလည်ဖို အရင်ကထက် အချိန်၊လုပ်အား နှစ်ခုလုံးကို နှစ်ဆပေးနေရတယ်ဆိုပါသည်။
“အရင်က အသီးကို လမ်းဘေးမှာပဲခင်းရောင်းတာ အဆင်ပြေတယ်။ အခုက လမ်းဘေးမှာလည်းရောင်းတယ် ပြီးတော့ လိုင်းပေါ်လည်းရောင်းပြီး အိမ်တိုင်ရာရောက် လိုက်ပိုပေးတာတောင် စားဖိုမလောက်လို ချေးသုံးနေရတယ်။ တစ် အိမ်လုံးမှာကလည်း ကိုယ်တစ်ယောက်ပဲ ရုန်းကန်နေရတော့ အရင်ကထက် ပိုကြိုးစားနေရတယ် တစ်နေ့လုပ်တစ်နေစားဆိုတော့”ဟု မအမွန်းကဆိုသည်။
အရင်က ခဏတဖြတ်ရောင်းလျှင်တောင် မိသားစုစားဝတ်နေရေးက ကာမိနေပြီး အာဏာသိမ်းပြီးနောက်ပိုင်း တွင် ရောင်းနိုင်မှုလျော့ကျသွားသည့်အပြင် အသီးဈေးနှုန်းများလည်း ဈေးတက်သွားသောကြောင့် အခက်အခဲကြုံနေရကြောင်း ပြောသည်။ သူများဆီက ငွေချေးပြီးသုံးနေရတဲ့အတွက် တခါတခါငွေတောင် ပြန်မဆပ်နိုင်ကြောင်းလည်း ဆိုသည်။
အသီးတွေက ညအချိန်မှရောက်သည့်အတွက် သွားယူပြီး ပြန်လာသည့်လမ်းတွင် သူခိုးဓားမြရန်အပြင် အမျိုးမျိုးကြောက်ပြီး သွားလာနေရကြောင်း ပြောသည်။
“တစ်ခါအသီးသွားယူတုန်းကလည်း အနီးအနားမှာဘဲ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ် အဲ့လိုမျိုးတွေပေါ့ တော်တော်လေးမလုံခြုံသလိုခံစားရတယ် ”ဟု အမွန်းက ပြောသည်။
အာဏာသိမ်းပြီးနောက် ဇူလိုင်လဆန်းပိုင်းမှ စပြီး စစ်ကောင်စီသည် ပြည်သူတွေတစ်ဦးချင်းစီကို တစ်ကြိမ်လျှင် ငွေကျပ် သုံးသိန်းကျပ်သာ ထုတ်ခွင့် ကန့်သတ်လိုက်ပြီး ထိုတစ်ကြိမ်ထုတ်ခွင့်ရရန် အချိန်တစ်လလောက် စောင့်နေကြရသည်။
စစ်ကောင်စီက ဘဏ်ငွေထုတ်မှု ကန့်သတ်လိုက်သည့်အတွက် အိမ်ခြံမြေရောင်းဝယ်မှုအပေါ် ရောင်းသူ ဝယ်သူ အပေါ် ထိခိုက်မှုရှိပြီး အချိုပွဲပျက်ကာ ရပ်နားလိုက်ရသည့် အခြေအနေများရှိကြောင်း အိမ်ခြံမြေရောင်းဝယ်မှု လုပ်ကိုင်သူ မအထွယ်က ပြောသည်။
“ဝယ်သူတွေအနေနဲ့လည်း ဘဏ်က ပိုက်ဆံထုတ်ရတယ်ဆိုတော့ ဘဏ်ကလည်း ရာခိုင်နှုန်းတွေဖြတ်တော့ ဘယ်လိုမှ အဆင်မပြေဘူး ကျွန်မနဲ့ ရောင်းသူဝယ်သူတွေပေါ့ နောက်ပိုင်းမှာ ဝယ်တဲ့သူက သိပ်မရှိတော့ဘူး ရောင်းတဲ့သူတွေပဲ ပိုများလာတယ် ”ဟု ပြောသည်။
စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် ပြည်သူလူထုအများအပြား အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ အလုပ်ရပ်နားလိုက်ရခြင်းများ ကြုံတွေ့ရပြီး လခစားမဟုတ်သည့် ပြည်သူများက ပိုပြီးခံစားရတာဖြစ်သည်။
လုပ်ငန်းရှင်များအနေဖြင့် အလုပ်တွင် ဝင်ငွေလည်ပတ်မှု နည်းပါးလာသည့်အတွက် အလုပ်သမားများကို လစာတွေလျှော့ချတာတွေလည်း ရှိနေကြောင်း ဖုန်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုဆိုင်းကဆိုသည်။
“လုပ်ငန်းရှင်ပိုင်းကလည်း သူတိုအဆင်မပြေတော့ အရင်ကလို မပေးနိုင်တော့ဘူး။ အရင်က နှစ်သိန်းရရင် အခုတော့ တစ်သိန်းလောက်ပဲရတော့တယ်။ ဘာပဲဖြစ်ဖြစ် အဲတာကို အောင့်အီးသည်းခံပြီးတော့ လုပ်နေရတယ် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်ပေါ့ အဲ့လိုစိန်ခေါ်မှုတွေရှိတယ် ”ဟု ကိုဆိုင်းက ပြောသည်။
မြစ်ကြီးနားမြိုတွင် ကိုဗစ်ရောဂါကြောင့် ပွဲလမ်းသဘင်များ ရပ်ထားရနေသည့်ကြားမှ အာဏာသိမ်းမှု ထပ်မံဖြစ်ပွားလာသည့်အတွက် ကာလရှည်ကြာ အလုပ်ရပ်နားထားရသည့်သူများလည်း အများအပြားရှိနေသည်။
မြစ်ကြီးနားမြိုတွင်လည်း အချိန်မရွေး နေရာအနှံ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် စစ်ကောင်စီမှလည်း အချိန်မတော် အိမ်များတွင် ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်နေသည့်အတွက် သာရေးနာရေး၊ပွဲလမ်းသဘင် ပြုလုပ်ရန်ပင် ခက်ခဲနေသည်။
မြန်မာငွေစျေးကျပြီး နိုင်ငံခြားငွေတွေ စျေးတက်သွားတဲ့အတွက် နိုင်ငံခြားက မှာပြီးရောင်းရတဲ့ ပစ္စည်းတွေရောင်းတဲ့သူတွေလည်း အဆင်မပြေမှုများစွာ နဲ့ ကြုံနေရကြောင်း အလှကုန်ပစ္စည်းရောင်းသူ မ အဘောက်ကဆိုသည်။
“အလှကုန်ရောင်းတဲ့အခါကြတော့ အခုက ဒီဘက်ကို သိပ်ပြီး အရောင်းကျသွားတယ်ပေါ့ ငွေကြေးဖောင်းပွမှုကြောင့် ကျွန်မတိုက နိုင်ငံခြားကမှာတော့ ဈေးတွေ အများကြီး တက်သွားတယ်ပေါ့ ပိုဆိုးသွားတာပေါ့ ” အလှကုန်ဆိုင်ဖွင့်ထားသူတစ်ဦး အဘောက်က ပြောသည်။
ရောင်းအားကျပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်တက်လာသည့်အတွက် တစ်လတစ်လ ဝင်ငွေဖြင့် ဆိုင်ခန်းခကိုပင် မနည်း ပေးဆောင်နေရကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးစနစ်များ ပြိုကွဲပျက်စီးသည် သာမက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိရောင်းဝယ်မှုများ ၊သုံးစွဲသူများကို အကြီးအကျယ် ပိုမို ဖြစ်ထွန်းလာစေခဲ့သည်။
မြစ်ကြီးနားမြိုတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့်အတွက် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံခဲ့ရသည့်ပြည်သူ ၂၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်မှ ပြည်သူနှစ်ဦးကိုလည်း သပိတ် ဖြိုခွင်းစဉ် ပစ်သတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရှိ ပြည်သူတွေရဲ့ဘဝကို အမှောင်ထဲ လမ်းလျှောက်နေသလိုဖြစ်နေခဲ့ပါသည်။
အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြိုတွင် စီးပွားရေး၊လူမှုရေးများ ပြောင်းလဲလာပြီး မိမိပတ်ဝန်းကျင်တွင် အဆင်မပြေသည့် မိသားစုများ ၊ အလုပ်လက်မဲ့မိသားစုများ များပြားကာ အခက်ခဲပေါင်းစုံ ကြုံနေ မြင်တွေ့နေရတယ်လို ကိုမိုး ကပြောသည်။
“ကိုယ့်ပတ်ဝန်းကျင်မှာက ညည်းညူသံပေါင်းစုံပေါ့ အရင်လိုလွတ်လွတ်လပ်လပ် ပျော်ပျော် ရွင်ရွင်ဘယ်ပျော်နိုင်ကြတော့မလည်း တစ်ခုခုလိုအပ်နေသလို ခံစားနေရသလို ပါဘဲ