Thu. Sep 19th, 2024

News

14 April 2022 – Kachinwaves ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် စစ်ကြောင်းလေးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ဧပြီ ၁၁ ရက်နေ့ကနေ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလာရာ စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်သလို လက်နက်ကြီးဖြင့်လည်း ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒီမော့ဆိုဒေသခံတစ်ဦးက ပြောသည်။ KNDF... Read More
14 April 2022-Kachinwaves ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဧပြီလ တစ်လအတွင်း မှိုစားမှားပြီး အဆိပ်သင့် သေဆုံးခဲ့သူလေးဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ ပူတာအိုမြို့ဖန်ခိုင်ကျေးရွာမှ မိသားစုဝင်လေးဦး မှိုချက်စားရာမှ အဆိပ်သင့်ပြီး လူကြီးနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းမိသားစုဝင် လေးဦးသည် ဧပြီလ ၈ရက်နေ့တွင် မှိုချက်စားရာ အဆိပ်သင့်ကာ ၉ရက်နေ့တွင်... Read More
13 April 2022-Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို ပြည်သူ့ရင်ပြင်၌ ယနေ့ နံနက်ပိုင်းက သင်္ကြန်အကြိုနေ့ကျင်းပရန် ပြင်ဆင်ထားသည့်မုဒ်ဦး မီးရှို့ဖျက်ဆီးခံရပြီး နေ့လည်ပိုင်းတွင်လည်း ယုဇနရပ်ကွက်ရှိ ကြံခိုင်ရေးရုံးအနောက်တွင် ဗုံးဖောက်ခွဲခံရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ရေကစားသူလည်း မရှိသလောက်ဖြစ်ပြီး လူသွားလူလာများလည်း ပုံမှန်ထက်နည်းနေကြောင်းလည်း ဆိုသည်။ လမ်းလျှောက်သင်္ကြန်ကျင်းပရန် ပြည်သူ့ရင်ပြင်၌ ပြင်ဆင်ထားသည့်... Read More
12 April 2022 – Kachinwaves ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အိုခူးရီဒေသဘက်တွင် KNDF၊ KA နှင့် KPDF ပူးပေါင်းတပ်တို့သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့၍ ကရင်နီပူးပေါင်းတပ်ဘက်က ၇ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၃၀ထက်မနည်း သေဆုံးသည်ဟု နယ်ခံတစ်ဦးက... Read More
12 April 2022-Kachinwaves ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ဟူး​နောင်ကျေးရွာမှ အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်ရန်ကြံစီခဲ့သည့် စစ်ကောင်စီစစ်သား ဘွတ်တင့်ခိုင်ည် သဖမ်းဆီးထိန်းသိမ်း​ခံထားရာမှ အစောင့်စစ်သားသုံးဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း ​ဒေသခံတစ်ဦးက ဆိုသည်။ “အဲစစ်သားကို မနက်ပိုင်းက ချည်ထားတာတဲ့ ည​နေပိုင်းက ကြိုးပြန်ဖြည်ပေးလိုက်ပြီး စစ်သား... Read More
12 April 2022-Kachinwaves ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ဖာခေတ်ကျေးရွာမှ အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးကို ဟူးနောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ ၃၃၆ တပ်မှ စစ်သားတစ်ဦးက ယနေ့နံနက် အတင်းအဓ္ဓမပြုကျင့်ရန် ကြံစီခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဲ့အမျိုးသမီးရေခပ်သွားတဲ့အချိန် ရေတွင်းမရောက်မီ အဲ့စစ်သား လိုက်ဆင်းလာပြီးတော့ မအော်နဲ့ အသံမထွက်နဲ့ဆိုပြီး... Read More
12 April 2022-Kachinwaves ချီဖွေမြို့နယ် ချမ်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာအတွင်း မြေရှားသတ္တု(Rare Earth) ရှာဖွေမှု ကန့်ကွက်သူကို ဧပြီလ ၁၁ရက်နေ့ နံနက် ၉နာရီခန့်တွင် ဦးဇခုန်းတိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၆)ဦးခန့်က လာရောက်ဖမ်းဆီးခဲ့ပြီး လဂွေကျေးရွာ ပြည်သူ့စစ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။ “အခု ပြဿနာဖြစ်နေတာက... Read More
11 April 2022-Kachinwaves ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူးနောင်ကျေးရွာဘက်သို့ စစ်​ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ ဧပြီလ ၁၀ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း ​ဒေသခံတစ်ဦးက ဆိုသည်။ ကေအိုင်အေတပ်က စစ်ကောင်စီတပ်ရှိရာသို့ လက်နက်ကြီး ၁၀ချက်ခန့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)တပ်ရင်း(၈)နယ်မြေ... Read More
11 April 2022-Kachinwaves ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားကို လုံခြုံရေးယူထားသည့် စစ်ကောင်စီရဲကင်းအား ဧပြီ ၁၀ရက်နေ့ည ၁၀ နာရီခန့်တွင် ဖားကန့် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲသုံးဦး ထိခိုက်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အဲ့မှာ ရဲတွေက တံခါးပိတ်မလို့ လုပ်နေတဲ့အချိန် PDF တွေ... Read More
8 April 2020-Kachinwaves ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ကေအိုင်အေမှ စာထုတ်ပြန်သည့်နေ့မှစပြီး အရက်ဘီယာ စသည့် စစ်ကောင်စီပိုင်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု လျော့ကျလာကြောင်း ဒေသခံတဦးက ပြောသည်။ “ကေအိုင်အိုက တားမြစ်ထားတဲ့စစ်ကောင်စီပိုင်ထုတ်ကုန်တွေတော့ မရောင်းသလောက်ရှိနေပြီ မြို့မှာရော မှော်ဘက်မှာရော မရောင်းတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီပိုင်ထုတ်ကုန်များကို ရောင်းချသည့် ဖားကန့်မြို့ရှိ... Read More

နောက်ဆုံးသတင်းများ