ရှမ်းမြောက်မှာ အသက် ၅၀ အရွယ်အမျိုးသမီးအား စစ်ကောင်စီစစ်သားက အဓ္ဓမပြုကျင့်ရန် ကြံစီခဲ့
12 April 2022-Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ဖာခေတ်ကျေးရွာမှ အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးကို ဟူးနောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ ၃၃၆ တပ်မှ စစ်သားတစ်ဦးက ယနေ့နံနက် အတင်းအဓ္ဓမပြုကျင့်ရန် ကြံစီခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲ့အမျိုးသမီးရေခပ်သွားတဲ့အချိန် ရေတွင်းမရောက်မီ အဲ့စစ်သား လိုက်ဆင်းလာပြီးတော့ မအော်နဲ့ အသံမထွက်နဲ့ဆိုပြီး ပါးနားတွေရိုက်ပေးတယ်။ အဲ့အမျိုးသမီးက အော်တော့ သူ့ခင်ပွန်းနဲ့ သူသားတွေ ရောက်လာပြီး လွတ်ပေးတာတဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဓ္ဓမပြုကျင့်ရန်ကြံစီနေချိန် ရိုက်နှက်ထားသည့် ဒဏ်ရာကြောင့် ကွက်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
၎င်းအမျိုးသမီးကို စစ်ကောင်စီ တပ်ဖွဲ့များက ငွေကျပ်တစ်သိန်းပေးပြီး ထောင်းပန်ထားကြောင်း သိရသည်။
ဖာခေတ်ကျေးရွာအနီးတွင် စစ်ကောင်စီ ခမရတပ်စခန်းရှိပြီး ထိုတပ်စခန်းမှ အဓ္ဓမပြုကျင့်သူတပ်သား ဘွတ်တင့်ခိုင်ကို ဖမ်းဆီးချုပ်နောင်ထားကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။
၎င်းအမျိုးသမီးကို ယခုနှစ် မတိုင်မိ ၂၀၂၁ ခုနှစ်တွင်လည်း ခြံစောင့်နေစဉ် စစ်ကောင်စီစစ်သားတစ်ဦးက ရောက်လာကာ အဓ္ဓမပြုကျင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရိုးရာပလိုင်းနှင့် တောင်းပန်ခဲ့သေးသည်။