ပူတာအိုမှာ တစ်လအတွင်း မှိုစားမှားပြီး အဆိပ်သင့် သေဆုံးသူ ၄ ဦးထိရှိလာ
14 April 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဧပြီလ တစ်လအတွင်း မှိုစားမှားပြီး အဆိပ်သင့် သေဆုံးခဲ့သူလေးဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့ဖန်ခိုင်ကျေးရွာမှ မိသားစုဝင်လေးဦး မှိုချက်စားရာမှ အဆိပ်သင့်ပြီး လူကြီးနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
၎င်းမိသားစုဝင် လေးဦးသည် ဧပြီလ ၈ရက်နေ့တွင် မှိုချက်စားရာ အဆိပ်သင့်ကာ ၉ရက်နေ့တွင် ယောက္ခမဖြစ်သူသေဆုံးခဲ့ပြီး ၁၃ရက်နေ့တွင် သားမက်ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
ကလေးနှစ်ဦးသည် ဆေးရုံတွင် ဆေးကုသမှုခံယူပြီး သက်သာလာကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးမှာ ဒေါ် မာတားညီဆီး အသက် (၅၇) နှစ်နှင့် ဦးဂျိုးဇက်နောဆီဒွေ့ အသက် (၃၇)တို့ ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၇ရက်နေ့တွင်လည်း ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်း (အလကခွဲ )ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်ခင်ဌေးကြွယ်တို့ မိသားစု သားအမိ သုံးဦး မှိုအဆိပ်သင့်ခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကာ မိခင်ဖြစ်သူမှာ ဆေးကုသမှု ခံယူနေရသည်။