ဖားကန့်မှာ စစ်ကောင်စီထုတ်ကုန်တွေ ကေအိုင်အေက တားမြစ်စာထုတ်ပြီးနောက် ရောင်းသူမရှိသလောက်ဖြစ်လာ
8 April 2020-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ကေအိုင်အေမှ စာထုတ်ပြန်သည့်နေ့မှစပြီး အရက်ဘီယာ စသည့် စစ်ကောင်စီပိုင်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု လျော့ကျလာကြောင်း ဒေသခံတဦးက ပြောသည်။
“ကေအိုင်အိုက တားမြစ်ထားတဲ့စစ်ကောင်စီပိုင်ထုတ်ကုန်တွေတော့ မရောင်းသလောက်ရှိနေပြီ မြို့မှာရော မှော်ဘက်မှာရော မရောင်းတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီပိုင်ထုတ်ကုန်များကို ရောင်းချသည့် ဖားကန့်မြို့ရှိ ဈေးဆိုင်များကို ကေအိုင်အေက ဝင်ရောက် ဖမ်းဆီးစစ်ဆေးခြင်းများတော့ မပြုလုပ်သေးကြောင်း သိရသည်။
မတ်လ ၂၀ရက်နေ့နောက်ဆုံးထားပြီး စစ်ကောင်စီပိုင်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကား သယ်ဆောင်ခြင်းများ မပြုလုပ်ရန် ကေအိုင်အိုမှ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ် မြို့တော်တော်များများတွင် ကေအိုင်အိုမှ စစ်ကောင်စီပိုင်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် သတိပေးစာ ထုတ်ပြန်ပြီးနောက် စျေးဆိုင်များ၊စားသောက်ဆိုင်များနှင့် ကားလမ်းများတွင် ဖမ်းဆီးစစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။