ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းလေးကြောင်းဖြင့် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ
14 April 2022 – Kachinwaves
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် စစ်ကြောင်းလေးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ဧပြီ ၁၁ ရက်နေ့ကနေ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလာရာ စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်သလို လက်နက်ကြီးဖြင့်လည်း ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒီမော့ဆိုဒေသခံတစ်ဦးက ပြောသည်။
KNDF ဘက်က ကျဆုံးခဲ့သည့် ၃ဦးကို ယနေ့ မြေမြုပ်သင်္ဂြိုလ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျများသော်လည်း အတိအကျ မသိရကြောင်း ဒေသခံက ပြောပါသည်။
“ကျများတယ် သေချတော့မသိသေးဘူး။ စစ်ကြောင်းက လေးကြောင်းဆိုတော့”ဟု ၎င်းက ပြောပါသည်။
စစ်အာဏာသိမ်းပြီးသည့်နောက်တွင် ကရင်နီပြည်နယ်သည် တိုက်ပွဲများပြင်းထန်သည့် ပြည်နယ်ဖြစ်လာပြီး စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေသလို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအတွက်လည်း လက်နက်ခဲယမ်းများ လိုအပ်နေသေးကြောင်း သိရပါသည်။