ကချင်က နောက်ဆုံးလက်ကျန် တရားဝင်နယ်စပ်မြို့ ကံပိုင်တည်ကို KIA သိမ်းပြီ
–
ကချင်ပြည်နယ်က နောက်ဆုံးလက်ကျန် မြန်မာ-တရုတ် နယ်စပ်မြို့ ကံပိုင်တည်ကို ဒီနေ့ ညနေ ၅ နာရီအချိန်လောက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ခဏ ၅ နာရီလောက်က ထင်တယ်၊ သူတို့ဘက်က အပြစ်ရပ်သွားတယ်။ အခုတော့ ရှင်းလင်းရေး လုပ်နေတယ်။ အပြီးအပိုင်ရလိုက်ပြီ။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ ကံပိုင်တည်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တို့က ဒီမနက် ၉ နာရီကျော်အချိန်ကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ အပြီးသိမ်းလိုက်နိုင်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ကချင်ပြည်နယ်က နယ်စပ်မြို့တွေဖြစ်တဲ့ ဖီမော်၊ ပန်ဝါ၊ ကံပိုင်တည်၊ လွယ်ဂျယ်မြို့တွေနဲ့အတူ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ နယ်စပ်ဂိတ်တွေကို KIA က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။