အပြုံးကိုမြင်ရရင် ဝေဖန်ကဲ့ရဲ့မှုတွေကို မေ့ပျောက်သွားတယ်ဆိုတဲ့ ပရဟိတသမား ကိုဆဏ်းမောင်
–
“ကျနော်တတ်နိုင်တဲ့ အတိုင်းအတာ ကျနော့်မိသားစုရဲ့ စားဝတ်နေရေး၊ ကျနော်အလုပ်အကိုင်နဲ့ ချင့်ချိန်ပြီးမှ ကျနော်လုပ်နိုင်တဲ့ ပရဟိတကို ခရုအရွေ့ဖြစ်ရင်ဖြစ်မယ်၊ ကြောင်အရွေ့ဖြစ်ရင်ဖြစ်မယ်၊ ကျားအရွေ့လည်း ဖြစ်ရင်ဖြစ်မယ်။ မြန်ဆန်မှုနှေးကွေးမှုဆိုတာ ကျနော့်ဘဝဖြစ်တည်မှုနဲ့ မူတည်တာပေါ့နော်။ ဒါပေမဲ့ အတတ်နိုင်ဆုံးကတော့ ကျနော် ပရဟိတနဲ့ ကင်းကွာသွားတာတော့ မရှိပါဘူး။”
ကျနော့်ရဲ့ လိုရင်း မိန်းပွိုင့်ကတော့ အများကိုကျနော် ကူညီချင်တာလေနော်၊ တကယ်ခက်ခဲတဲ့လူတွေကို သွားရောက်ပြီးတော့မှ ကူညီတဲ့အခါမှာ သူတို့ရဲ့ ဒုက္ခတွေ အေးငြိမ်းသွားတယ်။ သူတို့ အဆင်ပြေသွားတယ်ဆိုရင် မြင်ရတဲ့အပြုံးပေါ့နော်၊ အဲ့ဒီအပြုံးကို ကျနော်မြင်လိုက်တယ်ဆိုရင် ကျန်တဲ့ဥစ္စာ ကျနော့်အပေါ်မှာ ဝေဖန်ကဲ့ရဲ့မှုတွေ တိုက်ခိုက်မှုတွေ အမျိုးမျိုးသော ထင်ကြေးတွေ ဒါတွေကို ကျနော်က မေ့ပျောက်သွားတာပေါ့နော်။”