ကံပိုင်တည်မြို့မှာအောင်းနေတဲ့ လက်ကျန် စစ်ကောင်စီ စစ်သားနဲ့ရဲတွေကို KIA နဲ့ ပူးပေါင်းတပ်တို့ တိုက်ခိုက်ရှင်းလင်းနေ
–
ကချင်ပြည်နယ်အထူးဒေသ (၁) နယ်မြေမှာ နောက်ဆုံးကျန်ရှိနေတဲ့ မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တို့က ဒီနေ့ မနက် ၉ နာရီကျော်အချိန်ကနေ စတင်တိုက်ခိုက်ရှင်းလင်းနေပြီလို့ သိရပါတယ်။
“ဒီမနက် ၉ နာရီ ၃၀ မိနစ်ကနေ အလုပ်စဝင်နေပါပြီ။ ဒီညနေလောက်ဆို သိမ်းနိုင်တော့မယ်ထင်တယ်။”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဆိုပါ ကံပိုင်တည် ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ စစ်သားတွေနဲ့ရဲတွေဟာ ဟိုတယ်အထဲကနေ ခုခံတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ကံပိုင်တည်မြို့စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာအခြေစိုက် အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်း စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။