Hpyen Gumshem Kongsi A Sinda Masin Hpe Hkindit Ashun Ya Ai KIA A Shata Lahkawng Laman Na Hpyen Masa Sat Lawat Ni
.
By Ah Pan
11 May 2024 – Kachinwaves
မြန်မာလို ဖတ်ရှုရန် ဆောင်းပါးအဆုံးမှာ ပါရှိပါတယ်။
Dai ning na March shata praw 7 ya shani hta ninggam sharawt hpang dat ai Wunpawng Mungdan Shanglawt Hpung (KIO/KIA) a shagrawt majan masing gaw, Hpyen Gumshem Kongsi a sinda masin hpe hkindit adawt ya ai majan masing rai nga sai re. Dai majan masing gaw ndai bat hta sha shata lahkawng hpring mat sai rai nna, shata lahkawng laman na majan hte seng ai shiga ni hpe maram dinglik tang madun mat wa na nngai.
Ndai shata lahkawng laman hta gumshem hpyen dap ni dap jung nga ai shara kaji, kaba 80 jan hpe KIA hte pawng hpawm hpyen hpung ni padang dip zing madu la lu sai lam; KIO a Shiga Magam Dap lithkam Du up Jum Nhpang Naw Bu Kachin Waves hpe tsun htai ya ai re.
KIO/KIA hku nna shata lahkawng laman hta padang dip zing madu da lu sai hpyen dap ni hpe yu yu ga nga yang, 2016 ning hta e Myen mung asuya hpyen dap hku nna hpyen laknak n-gun kaba hte shata mali jan htim gasat masing hte shadut gasat ai majaw htingnut kau da ra ai; Gidon bum hpyen dap hpe ya na majan masing hta hkying hkum 42 jan hte sha htim gasat nna, May praw 6 ya shani bai madu zing la lu sai re.
Bai nna, ndai May praw 5 ya shani hta e Sumprabum muklum hpe tsep kawp zing madu lu na matu ahkyak ai Hk.L.Y 46 a hpyen dap kawng hte rau: Jinghpaw mung kata na gumshem kongsi a hpyen dap ni yawm dik shara 12 hpe lani mi hte sha, padang dip zing madu ai lam chye lu ai.
Ya yang na gasat poi ni hta gumshem hpyen dap madung machyu lang nga ai gaw nbungli rai nga ai. Raitim dai ning na January shata laman hta sha nbungli lahkawng hpe KIA ni gap jahkrat kau ya sai re.
Bai nna, majan masing nnan sharawt hpang dat ai March shata hta e Wunpawng Mungdan Shanglawt Hpung (KIO/KIA) ginjaw dung ai, Laiza muklum mungmasha ni hpe galoi mung laknak kaba gap bun nna jahkrit shama nga ai hpyen dap ni rai nga ai; Na hpaw, Hka Ya, Bum Re, Hpun Pyen, Hkang Kai dai zawn laknak kaba shadun da ai hpyen dap bum kaba ni hpe mung lu zing la sai. Dai hte maren, Japan ni hpe gasat padang dip lu ai Padang Manau nau lai wa nna, English prat kaw nna hpyen dap dung ai hte Myen mung shanglawt lu ai hpang kaw nna Myen hpyen dap ni shaning 70 ning jan dap jung nga lai wa sai; N Mawk ginwang daw (မိုးမောက်မြို့နယ်) Sin Lum Bum na labau shang hpyen dap hte Miwa Gumsan Mungdan jarit hte matut nga ai Loi Je muklum a shim lam hpe makawp nga ai mying kaba ai Yaw Yung bum hpyen dap ni hpe mung, padang dip zing la sai re. Dai hta sha n-ga, Wai Maw ginwang daw (ဝိုင်းမော်မြို့နယ်) kaw na N Mawk muklum du hkra, Myitkyina hte Man Maw lapran modo lam hte hka lam mayan na Hpyen Gumsem Kongsi a hpyen dap ni hpe matut manoi zing madu nga ai re. Ndai shi sumroi ka nga ai ten du hkra N Mawk muklum hpe mung tsep kawp zing madu lu na matu gasat nga ding yang rai nga ai.
Bai nna, Man Maw hte matut ai Man Je kaw mung KIA hte pawng hpawm hpyen hpung ni htim gasat nga ai zawn, Shwi Gu hte Sagaing ginra Kata muklum de matut sa mai ai, Mali Hka nu mahkrai kaba nga ai Sing Hkan mare na hpyen dap ni hpe mung, gasat padang dip zing kau sai re.
Mali Hka a sinna hkran maga de yu yu yang mung, Hpakant ginra de hkrang sa lu na lam ni hpe pat shingdang lu na matu, Gwi Hka, Nam Ting, Nam Ya, Ta Mahkan hte Se Zin mare na hpyen dap ni hpe zing kau nhtawm, hpakant muklum kata na gumshem hpyen dap ni hpe wang pat kau sai hpe mu lu ai.
Dai sha n-ga, Jinghpaw mung lahta dingdung daw de yu yu yang, Myitkyina hte Putao matut hkawm sa na madung lam rai nga ai modo lam ntsa kaw na Sumprabum muklum hpe mung, zing madu kau sai majaw hpyen wa a matu gaw nbungli lam sha machyu ra sai re.
Ndai zawn zing madu la ai Hpyen Gumshem Kongsi a dap shara ni, hpyen masa mungmasa lam a matu ahkyak ai shara ni re ai hpe KIO a Shiga Magam Dap lithkam Du up Jum Nhpang Naw Bu tsun ai gaw, “Dingdung maga kaw na tsun ga nga jang e; Sumprabum ni gaw ram ram ahkyak ai ni rai nga. Myitkyina – Putao lam kaw e ခရီးတစ်ထောက် (hkrunlam daw mi hkring sa shara) rai nga. မြို့နယ် (Sumprabum ginwang daw) a shimlum lam mung rai nga. Hpakant maga de na Nam Ya zawn re ni tsawm ra ra ahkyak ai, shanhte na byuha kawng (hpyen zai ladat kawng shara) ni rai nga. Bai anhte Bum Re, Hka Ya, Hpun Pyen bum ni gaw Laiza hpe jahkrit shama tawn da ai byuha kawng kaba ni rai nga. Daw Hpum Yang laknak kaba ndai Laiza de a ten tup sinat kaba gap bang ya ai tsawm ra ahkyak ai shara ni rai nga. Ba 3 maga de gaw, Yaw Yung, Loi Je, Sin Lum ndai hte masum gaw manu mana ahkyak ai byuha shara rai nga. Loi Je mung e Miwa mung hte jarit matut ai (G2G) gate (asuya shada da matut ai shagyit) hpaw da ai shara rai nga. Ram ram ahkyak ai. Ngut jang e mani shawng shani (May shata 7 ya shani) gasat la lu ai Sama, Nhkram, Kagam, Gidon e ndai ni gaw anhte a ginjaw shara ni hpe e jahkrit shama ya ai dap ni re. Na Hpaw, Na Hpaw hpyen dap ram ram ahkyak ai hpyen dap ni rai nga. E ning re ahkyak ai, lak lak lai lai re ai dap ni hpe zing la ai lam re.”
Myen hpyen gumshem dap a dingdung ginwang ginjaw (M.P.Hk) rung jung ai Myitkyina hpe yu yu yang mung, Myitkyina – Man Maw lam, Myitkyina – Mandalay lam, Myitkyina- Hpakant lam, Myitkyina – Putao lam ni yawng hpe, KIO/KIA hku nna pat shingdang da sai hpe mu lu ai.
Dai lam ni hpe yu yu yang gumshem hpyen dap ni sum kaba sum machyi nga ai re lam gaw dan dan leng leng mu lu wa sai mabyin rai nga ai.
KIO/KIA a ndai lang na majan masing gaw shawoi lai wa sai shaning ni hta gasat ai masing ni hte shingdaw yu yang, lak lai ai lam ni law law nga ai hpe Jinghpaw mung a hpyen masa, mungmasa ni hpe sawn maram nga ai salang langai mung, shi a ningmu hpe ya na zawn tsun ai.
“Ya na majan gaw, shawoi na majan gaw gasat ai ram sha rai nga. Ya na majan gaw shagrawt majan rai nga. Zing ai majan rai sai. E ndai majaw shawoi na hte gaw n bung ai. Shawoi gaw ndai da hpran ai, ninghkap ai ram sha rai nga. E ndai majaw moi na hte n bung ai rai sai. Rai yang gaw ya shagrawt majan, zing ai majan kaw gaw galaw shagu awngdang ai lam hpe mu mada ai. Grau na gaw ndai anhte myusha KIO hpyen dap hte pawng hpawm ni rau jawm gasat ai majaw, grau na n-gun lu ai. Myit masa hku na mung ningtsa maga de nga ai hku rai sai. Rai yang gaw, Myen hpyen dap ni gaw myit ni n shu n shang gaju galim rai nna myit daw hten taw nga ai ten mung re majaw, gasat shagu sum taw nga ai hpe mu mada ai. E dai majaw ya na lang gaw shawoi na hte n bung ai ngu mai tsun ai. Gasat shagu mung tinang hpyen dap ni gaw zing la lu ai hpe mu lu ai hku rai sai”
Ndai galang na KIA a majan masing hta e Rakhaing (AA), KPDF ni hte kaga myithkrum jinghku hpyen hpung ni mung KIA hte pawng hpawm nna, Hpyen Gumshem Kongsi hpe gasat ai majan masing hta ta gindun n-gun dat lawm nga ai hpe chye lu ga ai re.
===
စစ်ကောင်စီ အရှိုက်ထိနေတဲ့ KIA ရဲ့ စစ်ဆင်ရေး နှစ်လအတွင်း အခြေအနေ
11 May 2024 – Kachinwaves
ဒီနှစ်ရဲ့ မတ်လ ၇ ရက်နေ့ကနေ စလိုက်တဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ထိုးစစ်ဟာ စစ်ကောင်စီတပ်ကို အရှိုက်ခပ်ပြင်းပြင်းထိုးချလိုက်နိုင်တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ယခုအပတ်မှာပဲ နှစ်လတင်းတင်း ပြည့်ပြီဖြစ်ပြီး၊ စစ်ဆင်ရေးနှစ်လအတွင်း စစ်ရေးအခြေအနေတွေကို တင်ပြသွားပါ့မယ်။
စစ်ဆင်ရေးနှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းကြီးစခန်းငယ် စုစုပေါင်း ၈၀ ထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
KIO/KIA ရဲ့ စစ်ဆင်ရေးနှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတွေကို ကြည့်ကြည့်မယ်ဆိုရင်၊ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မြန်မာအစိုးရတပ်က စစ်အင်အား အဆမတန်အသုံးပြုပြီး လေးလကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဂီဒွန်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က နာရီပေါင်း ၄၂ နာရီခန့်ကြာ တိုက်ခိုက်ကာ အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးတော့ ဆွမ်ပရာဘွမ်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်စိုးမိုးနိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ခ.လ.ရ ၄၆ စစ်ကောင်စီတပ်စခန်း အပါအဝင် ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၁၂ ခု နီးပါးကို တစ်ရက်တည်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကုန်းကြောင်းရေကြောင်း အဘက်ဘက်ကနေ ရှုံးမဲမဲနေပြီဖြစ်တဲ့ စစ်ကောင်စီတပ် အဓိက အားကိုးအားထား ပြုနေတာကတော့ လေကြောင်းတိုက်ခိုက်မှု တစ်ခုတည်းပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဒီနှစ်အစ ဇန်နဝါရီလအတွင်းမှာပဲ စစ်ကောင်စီရဲ့ လေယာဉ်နှစ်စင်းကို KIA က ပစ်ချနိုင်ခဲ့ပါတယ်။
ထပ်ပြီးတော့ စစ်ဆင်ရေးစလိုက်တဲ့ မတ်လ အတွင်းမှာပဲ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့က ဒေသခံပြည်သူတွေကို လက်နက်ကြီးတွေနဲ့ အမြဲပစ်ခတ်ခြိမ်းခြောက်မှုပြုနေတဲ့ နာဖေါ့၊ ခယာ၊ ဘွမ်ရဲ၊ ဖွန်းပျဲန်၊ ခန်းကိုင် စတဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ အရေးကြီးဗျူဟာကုန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အလားတူ ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း အထိမ်းအမှတ် ပန်ဒန်မနောင်ပွဲတော် ကျင်းပဆင်နွှဲခဲ့ပြီး၊ ဗြီတိသျှ ကိုလိုနီခေတ်ကတည်းက တပ်အထိုင်ချခဲ့သလို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းကနေ နှစ်ပေါင်း (၇၀) ကျော်ကြာ စစ်တပ်အထိုင်ချခဲ့တဲ့ မိုးမောက်မြို့နယ်က သမိုင်းဝင် စိန်လုံဗျူဟာကုန်း အပါအဝင် တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ရဲ့ လုံခြုံရေးအတွက် အရေးပါပြီး နာမည်ကြီးတဲ့ ယောယုန်တောင်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ကနေ စလို့ မိုးမောက်မြို့အထိ၊ မြစ်ကြီးနား – ဗန်းမော် ကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း အဆက်မပြတ် တိုက်ခိုက်သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။
ဗန်းမော်နဲ့ တစ်ဆက်တည်းရှိတဲ့ မံစီမြို့မှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဝင်နေဆဲဖြစ်သလို၊ ရွှေကူနဲ့ စစ်ကိုင်း ကသာမြို့ကို ဆက်သွယ်သွားလာနိုင်တဲ့ ဧရာဝတီမြစ်ကူးတံတားရှိရာ စင်းခန်းကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းကို ကြည့်လိုက်မယ်ဆိုရင်လည်း ဖားကန့်ဒေသကို သွားလာရေး ဖြတ်တောက် ပိတ်ဆို့နိုင်ဖို့ရာ ဝှေခါ၊ နန်းတိမ်၊ နန့်ယား၊ တာမခံနဲ့ ဆယ်ဇင်း ကျေးရွာတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ ဖားကန့်မြို့ကို ပတ်ပတ်လည်ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ အထက်ပိုင်းကို ကြည့်ကြည့်လိုက်မယ်ဆိုရင်လည်း မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးပေါ်က ဆွမ်ပရာဘွမ်မြို့နယ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် လေကြောင်းတစ်ခုတည်းကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ်။
အခုလိမျိုး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ နိုင်ငံရေး၊ စစ်ရေးတွေအရ အရေးပါကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။
“အထက်ပိုင်းကို ပြောရမယ်ဆိုရင် ဆွမ်ပရာဘွမ်ဟာ အတော်ကို အရေးပါတယ်။ မြစ်ကြီးနား – ပူတာအို လမ်းခရီး တစ်ထောက်လည်း ဖြစ်သလို၊ မြို့နယ်ရဲ့ လုံခြုံရေးလည်း ဖြစ်တယ်။ ဖားကန့် ဘက်က နန့်ယား စခန်းတွေဟာ အတော်လေးအရေးကြီးတဲ့ သူတို့ (စစ်ကောင်စီ) ရဲ့ ဗျူဟာကုန်းစခန်းတွေ ဖြစ်တယ်။ ပြီးတော့ ဘွမ်ရဲ၊ ခယာ၊ ဖွန်းပျဲန် တောင်ကုန်းတွေဟာ လိုင်ဇာကို ထိန်းချုပ် ခြိမ်းခြောက်ထားတဲ့ ဗျူဟာကျတဲ့ စခန်းကြီးတွေ ဖြစ်ပါတယ်။ ဒေါ့ဖုန်းယန် အမြဲတမ်း ဒီလိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ တပ်စခန်းနေရာတွေ ဟုတ်တယ်။ တပ်မဟာ (၃) ဘက်က ယောယုန်၊ လွယ်ဂျယ်၊ စိန်လုံ ဒီသုံးနေရာဟာ အလွန်အရေးကြီးတဲ့ ဗျူဟာကျတဲ့ နေရာတွေ ဖြစ်ပါတယ်။ လွယ်ဂျယ်လည်း တရုတ်မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်းသွယ်ရေး ဖွင့်ထားတဲ့ မြို့ဖြစ်ပြီးတော့ တော်တော်ကို အရေးကြီးတာပါ။ ပြီးတော့ ဆမား၊ ကာဂမ်၊ အင်ခရမ်၊ ဂီဒွန် စတဲ့ တပ်စခန်းတွေဟာ (KIO/KIA) ဗဟိုဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ စခန်းတွေ ဖြစ်ပါတယ်။ နာဖေါ့ စခန်းလည်း တော်တော်အရေးကြီးတဲ့ တပ်စခန်းပါ။ ဒီလို အရေးကြီးအရေးပါတဲ့ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။”
စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားကိုလည်း ကြည့်လိုက်မယ်ဆိုရင်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်း၊ မြစ်ကြီးနား – မန္တလေးကားလမ်း၊ မြစ်ကြီးနား – ဖားကန့်ကားလမ်းနဲ့ မြစ်ကြီးနား – ပူတာအို ကားလမ်းတွေ အားလုံးကို KIA က ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။
ဒီအခင်းအကျင်းတွေကို ကြည့်ရင် စစ်ကောင်စီတပ်တွေဟာ လုံးဝ အထိနာနေပြီဆိုတဲ့ အခြေအနေမှန်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
KIO/KIA ရဲ့ လက်ရှိ စစ်ဆင်ရေးဟာ ယခင်က တိုက်ပွဲ အခြေအနေတွေနဲ့ လုံးဝကွဲပြားပြီး ထူးခြားနေတယ်လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကလည်း သူ့ရဲ့ အမြင်ကို ယခုလို ပြောပါတယ်။
“လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေက အရင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ မတူတော့ဘူး။ အရင်က တိုက်ပွဲတွေကတော့ တိုက်တယ်၊ ခုခံတိုက်ခိုက်တယ် ဒီလောက်ပဲပေါ့။ လက်ရှိ စစ်ဆင်ရေးတွေကတော့ ခြေမှုန်းတိုက်ဖျက်ရေး တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ဖြစ်တယ်။ ဆိုတော့ အရင်နဲ့တော့ မတူဘူး။ အရင်ကတော့ ခုခံတိုက်ခိုက်ရေး တိုက်ပွဲတွေပဲ။ အခုက အရင်နဲ့ မတူတဲ့ဟာ ဟုတ်ပြီ။ ဆိုတော့ အခုဟာက ခြေမှုန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲ၊ တိုက်ပွဲတိုင်းလည်း အောင်မြင်နေတာကို တွေ့ရတယ်။ အထူးသဖြင့်တော့ ဒီကျွန်တော်တို့ KIO နဲ့ ပူးပေါင်းအဖွဲ့တွေက ပူးပေါင်း စစ်ဆင်ရေး ဖော်ဆောင်နေတဲ့အတွက် ပိုပြီးအားရစရာ ဖြစ်တယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလည်း အသာစီးရနေတယ်။ စစ်ကောင်စီတပ်တွေက စိတ်ဓါတ်တွေပျက်ပြားနေပြီး စိတ်ဓါတ်ကျနေတဲ့ တပ်ဖြစ်တဲ့အတွက် တိုက်တိုင်းလည်း ရှုံးနေတာကို တွေ့ရတယ်။ အဲ့တာတွေကြောင့် လက်ရှိအခြေအနေတွေက အရင်နဲ့မတူတာကို တွေ့နေရတယ်။”
လက်ရှိ KIA ရဲ့ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA) နဲ့ KPDF တွေအပါအဝင် အခြားသော မဟာမိတ်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။