Shalawt Gaiwang Dam Wa Ai hte Mare Buga De Bai Wa Sana Hpyen Yen Ni
.
By Ah Pan
4 May 2024 – Kachinwaves
မြန်မာလို ဖတ်ရှုရန် link ဆောင်းပါးအဆုံးမှာ ပါရှိပါတယ်။
Lai sai ten hta nam maling mala ni shing grup gawan da let tsawm htap ai nsam, katsi pyaw sama ni hpring ai Kachin State gaw lai wa sai 2011 ning, June shata kaw nna bawm yam sama ni ka-up ai majan bai byin hpang wa ai gaw, dai ni 13 ning hpring wa sai re. Kachin State hta e Myen gumshem hpyen dap la ba ka-up htim gasat hpang wa ai majaw, mungshawa ni gaw tinang lu ai dum nta, sun, wang ni hte u, wa yam nga mare buga ni hpe kabai kau da nhtawm hpyen yen mat wa ai gaw, dai ni du hkra rai nga ai. Kachin State hta hpyen yen mungmasha yawng sen mi mun hkawng jan mat ai re.
Ndai zawn tinang a sutgan dum nta hte mare buga ni hpe tawn kau da let, ru yak jam jau a myu myu hkrum nga ai hpyen yen law law ni hta e Wunpawng Mungdan Shanglawt Hpung (KIO/KIA) ginjaw dung ai Laiza Muklum makau na Na Lung mare mungmasha ni mung lawm nga ma ai.
Mungshawa ni a lapran hta 0307 majan masing ngu mying pru nga ai, March shata praw 7 ya shani kaw nna KIA hte pawng hppawm hpyen hpung ni ning gam sharawt dat ai htim gasat majan masing gaw, gumshem hpyen dap a dap shara law law hpe padang dip zing la lu ai shiga ni hpe yawng mu chye chyalu rai na sai.
Dai zawn gasat padang dip zing kau lu sai gumshem hpyen dap a dap shara ni hta, mare buga ni de lak nak kaba gam shatsang nna, mungshawa ni hpe galoi mung hkrit kajawng shangun ai hpyen dap bum ni hte Na Lung mare hte ni dik ai, Man Maw lam hte Laiza num she kaw na Laja Yang hpyen dap kawng hpe mung zing kau lu sai re. Laiza makau grup yin hte Myitkyina – Man Maw lam hta shara la da ai gumshem hpyen dap ni yawng hpe KIA zing madu kau ngut sai majaw, Na Lung mare masha ni gaw, mare de wa nna gaw sharawt galaw sa wa na matu Wunli la kyu hpyi lamang galaw la ngut sai hpe na chye lu ai re.
Na Lung mare buga masha ni gaw majan a majaw shaning 10 jan ning Laiza muklum makau grup yin na hpyen yen dabang ni rai nga ai; Woi Chyai, Je Yang hte Myitkyina, Manmaw ni hkan e yak yak hkak hkak dum bru dum bra shing byi nga ra ai lam hpe chye lu ai. Raitim, ya gaw Na Lung mare hpyen yen mungshawa ni yawng mare buga de bai wa nna, gaw gap lam hpe ra sharawng nga ai hte maren seng ang ai ni hku nna mung masing hte galaw shakut wa ai re lam chye lu ai.
Dai majaw Na Lung mare buga masha ni gaw April shata 27 ya shani “Wunli La Chye Ju Shakawn Akyu Hpyi Hpawng” galaw la lu sai rai nna, buga masha ni hte seng ang ai shanglawt asuya magam gun ni 300 jan shang lawm let kyu hpyi hpawng lamang galaw la lu sai rai nga ai.
“Dai ning gaw anhte sim sa wa sai ngu na ndai anhte buga hpe bai wa nga na matu bai gaw gap na matu yaw shada let, dai ni na ndai kyu hpyi hpawng hpe galaw sa wa ai re ngu i. Anhte hpyen yen ni gaw ginjaw lakawn kata kaw re majaw shanhte lam jasan ya ai hpe gaw ya hte na March shata kaw na gaw mai wa sai nga ndau hku rai nga. Rai yang gaw, anhte hpyen yen (dabang) ni kaw nga tim myit n sim wa sai le i. Kabring kabrawng rai anhte buga de gara hku wa i. Gara hku galaw sha na i. Hpa n lu ai. Dai hpe anhte bai gawgap ra na dum nta hkai sun hkau na, galaw lu galaw sha lam, jawng, tsi rung ni bai wa gaw gap ga ngu na masing gran let anhte masing anhte gran sa wa ai ga re sai. E dai ten ya mare woi awn komiti ni bai woi wa na komiti ni ndai hku galaw wa ga, 27 ya shani ngu dat ai hte gaw ndai kahtawng ga na mungshawa ni grai wa mayu mat ai. Grai ma hkrum zup mat ai majaw grai kabu le i. Ndai anhte shawng lam buga hpe e lawan wan gaw sharawt la ra sai ngu hpe ningmu mu ai le. Nkau mi anhte hpyen yen yen da ai kaw na n wa byin mat ai ni bai wa yu yang mali mala re mat ai.”
Shaning law law wa majan ginra rai mat sai hte maren shim lum lam a matu mung bai gaw gap wa na lam magup hta mung, seng ang ai wuhpung wuhpawng ni hku nna garum shingtau la na hpe mare masha ni ra sharawng nga ai re. Na Lung mare gaw lawu daw hte lahta daw garan da ai rai nna, lahta daw gaw bawm jasan jaseng grai naw galaw ra ai nga nna komiti ningbaw Sara Marip Awng matut tsun ai re.
“Shimlum lam nga sai ngu na mung grai rai na n lu tsun sai le. Hpa majaw nga yang ndai ginra gaw mi kaw na majan ginra re sai le. Dai re na ya bawm shadam na htaw ra lahta maga de nga yang grai pyi naw tsang ra ai ga re nga. Ya anhte Na Lung mare ni gaw daw lahkawng hku na nga ai ga rai nga. Ya anhte law malawng gaw bawm jasan jaseng ai lam grai naw galaw ra ai. Ndai lawu daw de gaw dai ram n rai shi ai ngu ga. Shim lum lam hpe gaw anhte 100% garai n nga shi ai ga re nga.”
Na Lung mare gaw nta htinggaw 196 rai nna, mare masha yawng 1,000 jan nga ai mare re lam chye lu ai. Wunpawng Mundan Shanglawt Hpung (KIO/KIA) woi awn ai majan masing awng padang ni a majaw byin pru wa ai Kachin State kata na shalawt gai wang mare buga ni hpe bai gaw sharawt ai bungli masing ni gaw matut manoi galaw sa wa ra na lam ni rai nga sai.
Mungdan ting hta 2021 ning kaw nna hpang wa ai rawt malan majan hta gumshem hpyen dap gaw mungshawa ni machyu nga ai muklum hte mare kata ni de lak nak kaba ni gap bun ai hte mare buga ni hpe nat jahten ai tawt lai lam ni a majaw mungdan ting na mungshawa ni gaw shim lum lam n nga koi yen, hkrit tsang nga ra ai re. Mungkan Wunpawng Hpung a UN OCHA kawn ndau shana tawn da ai jahpan hta mungdan ting hpyen yen masha 2.6 (wan lahkawng kahtawk kru) jan nga sai lam chye lu ai.
===
လွတ်မြောက် နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ နေရပ်ပြန်လည်ထူထောင်ရေး စတင်လာတော့မယ်။
4 May 2024 – Kachinwaves
ယခင်က စိမ်းလန်းစိုပြေတဲ့ တောတောင်တွေနဲ့ ဝန်းရံထားပြီး အေးမြတဲ့အငွေ့အသက်တွေနဲ့ လှပနေတဲ့ ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်ကနေစပြီး ရမ်းငွေ့ရမ်းနံ့တွေ့ လွမ်းမိုးခံရတဲ့ တကျော့ပြန်စစ်ဖြစ်လာတာဟာ အခုဆိုရင် ၁၃ နှစ်တာသို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ကချင်ပြည်နယ်အတွင်း စစ်အင်းအား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြည်သူတွေဟာ ရပ်ရွာအိုးအိမ်ခြံမြေ စည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ပြီး စစ်ဘေးရှောင်လာခဲ့ရတာဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင် တကျော့ပြန်စစ်ကြောင့် စစ်ရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အခုလို စည်းစိမ်ဥစ္စာ ရပ်ရွာတွေကို စွန့်ပစ်ထားခဲ့ပြီး ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေရတဲ့ စစ်ရှောင်ပြည်သူတွေထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဗဟိုဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီးက နားလုံကျေးရွာ ပြည်သူတွေလည်း ပါဝင်ပါတယ်။
ပြည်သူတွေကြားမှာ 0307 စစ်ဆင်ရေးအဖြစ် သိထားကြားပြီး မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အရှိန်မြင့် ဖော်ဆောင်လာတဲ့ စစ်ဆင်ရေးကြောင့် စစ်ကောင်စီရဲ့ တပ်စခန်းအများအပြား သိမ်းဆည်းနိုင်ခဲ့တာကို အားလုံး သိပြီး ဖြစ်ပါတယ်။
အဆိုပါ စစ်ဆင်ရေးကြောင့် သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲမှာ ရပ်ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ စစ်တပ်ကုန်းတွေနဲ့ နားလုံကျေးရွာနဲ့ အနီးဆုံးမှာရှိပြီး ဗန်းမော်နဲ့ လိုင်ဇာမြို့အဝင် လမ်းခွဲက လဂျားယန် စစ်တပ်ကုန်းကိုလည်း သိမ်းပိုက်လိုက်နိုင် တာဖြစ်ပါတယ်။ လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီတပ် စခန်းကုန်းတွေကို KIA သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် နားလုံကျေးရွာပြည်သူတွေဟာ ရပ်ရွာသို့ပြန်လာပြီး ပြန်လည်ထူထောင်ရေး ပြုလုပ်ဖို့အတွက် မင်္ဂလာယူ ဆုတောင်းချီးမွမ်းခြင်းကိုလည်း ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တကျော့ပြန်စစ်ကြောင့် နားလုံကျေးရွာပြည်သူတွေဟာ လိုင်ဇာမြို့အနီးအနားက စစ်ရှောင်စခန်းတွေဖြစ်တဲ့ ဝေကျိုင်၊ ဂျေယန့် နဲ့ မြစ်ကြီးနား၊ ဗန်းမော်မြို့တွေမှာ ခက်ခက်ခဲခဲ၊ တစ်ကွဲတစ်ပြားစီ ခိုလှုံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုတော့ နားလုံကျေးရွာပြည်သူတွေဟာ ရပ်ရွာကိုပြန်လာပြီး ပြန်လည်ထူထောင်ရေး ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်သလို သက်ဆိုင်ရာကလည်း စီမံကိန်းချမှတ်ပြီး လုပ်ဆောင်လာနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ အဲတာကြောင့် နားလုံကျေးရွာပြည်သူတွေဟာ ဧပြီ ၂၇ ရက်နေ့က “မင်္ဂလာယူ ကျေးဇူးတော်ချီးမွမ်းခြင်းဆုတောင်း”ပွဲ ကျင်းပခဲ့ကြပြီး ကျေးရွာပြည်သူတွေနဲ့ သက်ဆိုင်ရာ KIO အမှုထမ်းတွေ စုစုပေါင်း အယောက် ၃၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
“ဒီနှစ်တော့ ကျွန်နော်တို့ (ရွာ) ငြိမ်းချမ်းလာပြီဖြစ်ပြီး ရပ်ရွာကို ပြန်လာပြီး ပြန်လည်ထူထောင်ရေး ပြုလုပ်ဖို့ ရည်ရွယ်ပြီး ဒီနေ့ ဒီလိုဆုတောင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်နော်တို့ စစ်ရှောင်တွေက (KIO) ဗဟိုရဲ့ စီမံကိန်းလမ်းညွှန်မှုအောက်မှာ ဖြစ်ကြတဲ့အတွက် မတ်လကနေစပြီး ပြန်လာလို့ရပြီဖြစ်ကြောင်း အသိပေးလာကြတယ်။ အဲတော့ ကျွန်နော်တို့ စစ်ရှောင်စခန်းမှာ နေနေရင်လည်း စိတ်က မငြိမ်တော့ဘူး။ နေရပ်ပြန်ဖို့ ဘယ်လို့လုပ်ကြမလဲ စဉ်းစားလာကြပြီ။ ပြန်လည်ဆောက်လုပ်ရမယ့် နေအိမ်တွေ၊ လယ်ယာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကျွန်နော်တို့ စီမံလာကြတာ ဖြစ်ပါတယ်။ အဲတာတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီ၊ နေရပ်ပြန်ရေးကော်မတီ ဆိုပြီး ဖွဲ့လိုက်တယ်။ (မတ်) ၂၇ ရက်နေ့မှာလို့ ရက်သတ်မှတ်လိုက်တာနဲ့ ဒီရွာက ပြည်သူတွေအားလုံးက အရမ်းပြန်ချင်နေကြတယ်။ တော်တော်များများလည်း ပြန်ဆုံတွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်သွားကြတယ်။ ဒီကျွန်နော်တို့ ကျေးရွာကို အမြန်ပြန်လည်ထူထောင်ယူရမယ်ဆိုတဲ့ အမြင်သဘောထားတွေ ရှိကြတယ်။ တစ်ချို့က စစ်ရှောင်သွားကတည်းက ပြန်မလာနိုင်ခဲ့တော့ (ရွာက) တောတွေ ဖြစ်သွားတယ်။”
နှစ်နဲ့ချီပြီး စစ်မြေပြင်ဖြစ်ခဲ့ရတာကြောင့် လုံခြုံရေးအတွက်၊ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ကူညီထောက်ပံ့ပေးဖို့အတွက် ကျေးရွာပြည်သူတွေက လိုလားနေကြတာ ဖြစ်ပါတယ်။ နားလုံရွာက အောက်ပိုင်းနဲ့ အထက်ပိုင်းဆိုပြီး ရွာကိုနှစ်ပိုင်းပိုင်းထားတယ်။ ရွာရဲ့အထက်ပိုင်းက မိုင်းရှင်းလင်းရေးပိုပြီး လုပ်ဆောင်ရမယ်လို့ နေရပ်ပြန်ရေးကော်မတီဥက္ကဌ ဦးမရစ်အောင် က ပြောပါတယ်။
“လုံခြုံစိတ်ချမှုအတွက်တော့ သိပ်မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေက စစ်မြေပြင်တွေ ဖြစ်ခဲ့ပြီလေနော်။ တာကြောင့် မိုင်းတွေက ဟိုရွာအထက်ပိုင်းဆိုရင် ပိုပြီးမှ စိုးရိမ်ရတယ်။ ကျွန်နော်တို့ နားလုံရွာက အပိုင်းနှစ်ပိုင်းရှိတယ်။ အခုကျွန်နော်တို့ ရွာအများပိုင်းက မိုင်းရှင်းလင်းရေးတွေ အများကြီးလုပ်ရအုံးမယ်။ ဒီရွာအောက်ပိုင်း အခြမ်းတော့ အဲလောက်မဟုတ်ပေမဲ့၊ လုံခြုံစိတ်ချမှုအတွက်က တစ်ရာ ရာခိုင်နှုန်းအပြည့်တော့ မရှိသေးဘူး။”
နားလုံရွာဟာ အိမ်ထောင် ၁၉၆ ရှိပြီး လူဦးရေး ၁၀၀၀ ကျော်မှီတင်းနေထိုင်တဲ့ ကျေးရွာဖြစ်ကြောင်း သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဦးဆောင်တဲ့ ကချင်ပြည်နယ်က စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လွတ်မြောက်နယ်မြေ ကျေးရွာတွေကို ပြန်လည်ထူထောင်ရေးက ရှေ့ဆက်လုပ်ဆောင်သွားရမယ့် လုပ်ငန်းဖြစ်နေပါပြီ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးမှာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က ပြည်သူတွေ မှီတင်းနေထိုင်တဲ့ မြို့နဲ့ကျေးရွာတွေမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သလို မီးရှို့ဖျက်ဆီးမှုတွေကို ကျူးလွန်နေတာကြောင့် ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ UN OCHA ရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင်နေရတဲ့ လူဦးရေ ၂-၆ သန်း ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။