မူလတန်းပြကျောင်းဆရာမ ဘဝကနေ CDM လုပ်ပြီး “ဖက်ဒရယ် FM” ရဲ့ တွဲဖက်အယ်ဒီတာ လုပ်နေတဲ့ မ ဝါဆို
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
30 January 2024 – Kachinwaves
မူလတန်းပြကျောင်းဆရာမ ဘဝကနေ CDM လုပ်ပြီး “ဖက်ဒရယ် FM” ရဲ့ တွဲဖက်အယ်ဒီတာအဖြစ် တော်လှန်ရေးအလုပ် ဆက်လုပ်နေတဲ့ မ ဝါဆို နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်ထောင်စုရဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစီအစဉ်တွေ ထုတ်လွှင့်ဖို့ ရည်ရွယ်ချက်နဲ့ အွန်လိုင်း (Facebook & YouTube) တွေကနေ ထုတ်လွှင့်နေသလို ကရင်နီပြည်နယ်မှာ မြေပြင်ကပြည်သူတွေနားထောင်လို့ရတဲ့ Federal FM Radio ကိုလည်းလွှင့်နေပြီး 90.2 MHz ကနေ နားထောင်လို့ရတယ်လို့ ဆိုပါတယ်။
အနာဂါတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာ ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုက ပြည်သူတွေကို ကိုယ်စားပြုမယ့် အစီအစဉ်တွေကို ထုတ်လွှင့်မယ့် ရည်ရွယ်ချက်နဲ့ Federal FM လို့ အမည်ပေးခဲ့တယ်လို့ မ ဝါဆိုက ပြောပါတယ်။