အာဏာသိမ်းပြီးနောက် KIA မှ စကစ ရဲ့ ရဟတ်ယာဉ် ပစ်ချခဲ့တဲ့ မှတ်တမ်း
5 January 2024 – Kachinwaves
ပထမအကြိမ်၊ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့က မိုးမောက်မြို့နယ် မြို့သစ်နဲ့ ကုန်းလောကြားမှာ ပစ်ချခဲ့တာ ဖြစ်ပါတယ်။
အဲဒီရဟတ်ယာဉ်နဲ့အတူ စစ်ကောင်စီရဲ့ လေ ၃၂၅၈ ဗိုလ်မှူး ကျော်ဇေယျထွဏ်း အသက် ၃၅ နှစ်၊ လေ ၃၅၇၇ ဗိုလကြီး သန်းထွန်းလင်း အသက် ၃၃ နှစ်၊ လေ ၂၂၆၁၅ အုတ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင် အသက် ၄၈ နှစ်တို့ သေဆုံးသွားတာ ဖြစ်ပါတယ်။
အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ဝိုင်းမော်မြို့နယ် နာဖေါ့ စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာနဲ့ လက်နက် ပို့ဆောင်ပေးတဲ့ Mi 17 ရဟတ်ယာဉ်ကို ဒုတိယအကြိမ် ပစ်ချခဲ့တာ ဖြစ်ပါတယ်။ KIA ကတော့ လေယာဉ်နဲ့အတူ လိုက်ပါလာသူ ၆ ယောက်သေဆုံးတယ်လို့ အတည်ပြုပြောကြားထားပါတယ်။
သေဆုံးသူခြောက်ယောက်ထဲမှာ ဗိုလ်ကြီး ကောင်းစံသိန်း ဆိုသူပါနေတာကို ဓါတ်ပုံမှတ်တမ်းအရ သိရပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၁ နေ့ကလည်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး၊ KIA ရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ပါတယ်။