ခမရ (၅၆၇) တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်၊ ပြည်သူ့စစ်အချို့လည်း အညံ့ခံဝင်ရောက်လာ
18 November 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဖာရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ပြည်သူ့စစ်အချို့လည်း အညံ့ခံဝင်ရောက်လာကြောင်း သိရသည်။
မန်ဖာရွာရှိ ခမရ (၅၆၇) တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း လုံထန်ပြည်သူ့စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး သတင်းအရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄) နှင့် တပ်မဟာ (၆) နယ်မြေအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းအချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။