လက်နက်ချရန် ပြောထားသော်လည်း အညံ့မခံသည့် စခန်းကို AA တိုက်ခိုက်သိမ်းပိုက်
17 November 2023 – Kachinwaves
လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသည့် စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ယနေ့ သိမ်းပိုက်ခဲ့သည်ဟု AA ထုတ်ပြန်ထားသည်။
ယမန်ေန့ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခ့ဲပြီး မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
“တိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။”ဟုပါရှိသည်။
AA ဘက်မှ ကျဆုံးသူနှင့် ဒဏ်ရာရရှိသူတချိုရှိခဲ့ကြောင်းလည်း သိရသည်။
AA၊ MNDAA၊ TNLA ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့ရာ စစ်ကောင်စီတပ်၏ စခန်းများကို နေ့စဉ်ရက်ဆက်တိုက်ခိုက်သိမ်းပိုက်နေသည်။