ပန်းပဲပညာ သင်ယူထားပေမဲ့ လက်တွေ့လုပ်ငန်းစနိုင်ဖို့ အရင်းအနှီး လိုအပ်နေတယ်ဆိုတဲ့ မသန်စွမ်း ဦးဖောင်ယူးဂမ်ဘာ
29 September 2023 – Kachinwaves
အရင်က ခြင်းတောင်း၊ ကြက်ခြင်း၊ ဖျာ၊ ထရံ၊ တံမျက်စည်း ရက်လုပ်တဲ့ လက်မှုအတတ်ပညာနဲ့ မိသားစု ဝမ်းရေးကို ထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ အခုသူတို့ မိသားစုခိုလှုံနေတဲ့ တရုတ်မြန်မာနယ်စပ်မှာ ဝါးနှီးကုန်ကြမ်း ရနိုင်ဖို့ ခက်ခဲတာကြောင့် သိပ်မလုပ်ဖြစ်တော့ဘူးလို့ ပြောပါတယ်။
ကလေးသုံးယောက်ရဲ့ ဖခင် ဦးဖောင်ယူးဂမ်ဘာဟာ သမီးတွေကို ပညာတတ်တွေဖြစ်စေချင်ပေမဲ့ စစ်ရှောင် စခန်းမှာ ခိုလှုံနေတဲ့ မသန်စွမ်းမိဘတွေဖြစ်တော့ ထောက်ပံ့ပေးနိုင်မှု သိပ်မရှိဘူးလို့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာနေရင်း သင်တန်းတက် တတ်မြောက်ထားတဲ့ ပန်းပဲအလုပ်ကို လုပ်ကိုင်ဖို့လည်း လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူရင်းနှီးဖို့ ကျပ်သိန်း ၃၀ လောက်လိုအပ်နေတာကြောင့် သင်ထားပေမဲ့ လက်တွေ့ လုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။