ဆွမ်ပရာဘွမ်လမ်းတွင် စစ်ကောင်စီစစ်ကြောင်း ပေါ်တာဆွဲခံခဲ့ရာသူတစ်ဦး ပြောပြသည့်ဖြစ်စဉ်။
28 September 2023 – Kachinwaves
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတွင် စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီကားကို KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့စဉ် ၎င်းနှင့်အတူ အရပ်သား ၃၀ ဦးခန့် ပေါ်တာဆွဲခံခဲ့ရသည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်တွင် ပေါ်တာဆွဲခံရသည့် အရပ်သားများ သေဆုံးသူနှင့် ဒဏ်ရာရရှိသူရှိကြောင်း သိရသော်လည်း အရေအတွက် အတိအကျ စုံစမ်း၍ မရနိုင်သေးပါ။