စစ်တပ်က ၁၀ နှစ်ကျော်စခန်းချနေထိုင်ခဲ့တဲ့ ဒရူခစစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရ
20 September 2023 – Kachinwaves
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဒရူခတံတားအနီးက စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် ခါကာဘို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့( KPF) ပူးပေါင်းတပ်က ဒီနေ့မနက် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း သိရပါတယ်။
၎င်းစခန်းမှာ စစ်တပ်က ဆယ်နှစ်ကျော် စခန်းချနေထိုင်ခဲ့တဲ့စခန်းဖြစ်ပြီး ဒီနေ့မက် ၇ နာရီကျော်ကနေ ဆယ်နာရီလောက်ထိ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီစခန်းကို KIA၊ Kagabu People`s Force (KPF) တို့က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်အင်းအာ ၃၀ လောက်ရှိတဲ့ စခန်းဟုတ်တယ်။ မြစ်ကြီးနားဘက်နေ တက်လာရင် စခန်းအရင်ရောက် တယ်။ စခန်းနဲ့ ရွာက ချောင်းတံတားရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပါပဲ။”လို့ ဒေသခံက ပြောပါတယ်။
တိုက်ခိုက်ဖျက်ဆီးခံရတဲ့ စစ်ကောင်စီစခန်းမှာ မြစ်ကြီးနား – ဆွမ်ပရာဘွမ် ကားလမ်းမပေါ်က စခန်းဖြစ် ပါတယ်။ တိုက်ပွဲကြောင့် ဒရူခကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်ေနရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
KIA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေမှာတော့ ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ အမြောက် အများ သိမ်းဆည်းရမိပြီး သေဆုံးသူလည်းများသလို အရှင်ဖမ်းမိသူလည်းရှိကြောင်း ပြော ပါတယ်။
ဒါ့အပြင် KIA၊ KPF ဘက်က တစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ လေးငါးယောက်ရှိကြောင်း သိရပါတယ်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနား – ဗန်းမော်လမ်း တစ်လျှောက် နေ့စဉ်လိုလို ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ဖျက်ဆီးခံရတဲ့ တိုက်ပွဲတွေ ရှိနေပါတယ်။