တနိုင်း အောင်လောဒ့် စစ်ဘေးဒုက္ခသည် တစ်ရာကျော် မြစ်ကြီးနားသို့ရောက်ရှိလာ၊ အချို့မှာတောတွင် ပိတ်မိနေဆဲဖြစ်
တစ်လကြာ တောတွင်းပိတ်မိနေသည့် တနိုင်း အောင်လောဒ့်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များထဲမှ ၁၂၂ယောက်မှာ ယနေ့ညနေပိုင်းတွင် မြစ်နားမြို့သို့ ရောက်ရှိလာပြီဖြစ်သော်လည်း တောထဲထွက်ပြေးတိမ်းရှောင်နေစဉ် ကလေးမွေးဖွားသော မိခင်နှစ်ဦး သက်ကြီးရွယ်အိုများနှင့် ပြည်သူများ အမြောက်အများသည် တောတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ယနေ့လွတ်မြောက်လာသူများတွင်ပါဝင်သူ ဒေါ်ဆိုင်းဂျာက ဆိုသည်။
ထိုစစ်ဘေးဒုက္ခသည်များ နောင်နန်းကျေးရွာအုပ်စု ဆယ်မိုင်ကျေးရွာရှိ ဂျော်မဆပ်နှစ်ခြင်းဘုရားကျောင်းတွင် ခိုလုံလျှက်ရှိသည်။
ကချင်ပြည်နယ်ဒေသအနှံ့တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာသောကြောင့် ယခုအချိန် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်သည် တောတွင်းပိတ်မိနေဆဲဖြစ်သည်။