လိုင်နောင်ခူး ဒုက္ခသည်များ အကုန် ကာမိုင်းရောက်ပြီ
![](https://kachinwaves.com/wp-content/uploads/2018/05/Lai-Nawng-Hku-IDP-2.jpg)
တစ်လနီးပါး ပိတ်မိနေသည့် လိုင်နောင်ခူး(မန်ဝယ်) ဒုက္ခသည်များ အယောက် ၁၀၀ ကျော် ကာမိုင်းမြို့သို့ မေ (၇) ရက်နေ ယနေ့ည ၁၁နာရီခွဲ အချိန်တွင် ရောက်တွင်လာပြီဖြစ်သည်။
အဆိုပါဒုက္ခသည်များ လွတ်မြောက်လာရန် ဧပြီလ ၁၁ရက်ကတည်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ ဘာသာရေးခေါင်းဆောင်းများနှင့် အုပ်ချုပ်ရေးမှူးများက ကြိုးစားခဲ့သော်လည်း တပ်မတော်က ခွင့်မပြုခဲ့သည့်အတွက် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။
ကချင်လူငယ်များကလည်း တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒုက္ခသည်များ အမြန်ဆုံးလွတ်မြောက်လာစေရန် ဧပြီလ ၃၀ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားမြို့တွင် သပိတ်စခန်းဖွင့်လျှက်ရှိပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံကာ ဒုက္ခသည်များ အမြန်ဆုံးလွတ်မြောက်လာစေရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
မေ ၅ရက်နေ့တွင် မြစ်ကြီးနားရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်လည်း ကချင်လူငယ်များ အလွတ်သဘောတွေ့ဆုံကာ ဒုက္ခသည်များလွတ်မြောက်ဖို့ တောင်းဆိုခဲ့ကြသည်။
မေလ ၆ရက်နေ့တွင် လိုင်နောင်ခူး ဒုက္ခသည်များကို တပ်မတော်ရဲ့ သဘောတူညီချက်ဖြင့် အုပ်ချုပ်ရေးဘက်မှ သွားရောက်ပြီး စတင်ကယ်တင်ခဲ့ကြသည်။
လက်ရှိအချိန် လိုင်နောင်ခူးတွင် မိသားစုနှစ်စု(လူဦးရေစုစုပေါင်း ၅ယောက်) မှလွဲလျှင် ပိတ်မိနေသော ကျန်သည့်ပြည်သူများ အကုန်လွတ်မြောက်လာပြီဖြစ်သည်။
ထိုဒုက္ခသည်များမှ ကာမိုင်းဘက်တွင် နေအိမ်မရှိသူများကို ကာမိုင်းမြို့ ထွယ်ဆန်ယန်ကျေးရွာ လိုင်နောင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ခိုလှုံခွင့်ပေးသွားရန် ပြင်ဆင်ထားသော်လည်း ယနေ့ညတွင် ဒုက္ခသည်များကို အုပ်ချုပ်ရေးတာဝန်ရှိသူများက ထိုနေရာသို့ ပို့ဆောင်ထားခြင်း မရှိခဲ့ပေ။