Sat. Jul 27th, 2024

News

14 February 2022-Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးက အဝိုင်းပတ်အနီးတွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် အသက် (၂၄)နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး၏ အလောင်းကို ယနေ့ထုတ်ယူပြီး သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့ည ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း အဝိုင်းပတ်အနီး ကားဖြင့်ဖြတ်လာသည့်... Read More
13 February 2022 – Kachinwaves ၂၀၀၈ ဖွဲ့စည်းပုံကို ပြယ်ဖျက်ကြောင်း အသိအလင်းကြေညာပြီးဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက်ရှိနေပြီဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း လမ်းပွင့်သွားပြီလို့ မှတ်ယူနိုင်ကြောင်း မနေ့က NUG အစိုးရမှဦးစီးကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် KIO ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်က ပြောကြားခဲ့ပါတယ်။... Read More
12 February 2022 – Kachinwaves ကချင်ပြည်နယ် ဖားကန့်မြို့နယ် စုပေါင်းရုံးရှေ့၌ ယနေ့နံနက် ၆နာရီခွဲခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် စစ်ကောင်စီများမှ ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေကြသည့်အတွက် ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ လမ်းများကို... Read More
6 February 2022 – Kachinwaves ယနေ့ည ၉နာရီ‌ခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့ စစ်ကောင်စီ ရဲစခန်း လက်နက်ကြီး‌များဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။ “လက်နက်ကြီး ၁၀ချက်ကျော်တယ်”ဟု ဒေသခံတစ်ဦးက ပြောပါသည်။ မည်သည့်အဖွဲ့က ပစ်ခတ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရ‌သေးပါ။... Read More
5 February 2022-Kachinwaves ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်းဖြင့် ယနေ့ ညနေပိုင်းတွင် လာရောက်ပစ်ခတ်သွား‌ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့နေ့လယ် ၁၂နာရီခန့်တွင်လည်း ဂျက်လေယာဥ်နှစ်စင်း၊ ရဟတ်ယာဥ်တစ်စင်းဖြင့် နန့်ယား မာနော့မှော်သို့ လာရောက်ပစ်ခတ်ခဲ့ပြီး ၃နာရီခန့်တွင် ဂျက်လေယာဥ်တစ်စင်းဖြင့် နောက်တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်။ လေယာဉ်ပစ်ခတ်မှုကြောင့်... Read More
5 February 2022 – Kachinwaves ယနေ့မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားများအားလုံး တိမ်းရှောင်နေရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့နေ့လယ် ၁၂နာရီခန့်တွင်လည်း ဂျက်လေယာဥ်နှစ်စင်း၊... Read More
5 February 2022 – Kachinwaves မိမိတို့မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့အချင်းချင်းကြား၌ ယခင်ကာလများ၌ နိုင်ငံရေးပြဿနာများကို အတူတကွဖြေရှင်း ခဲ့ကြသည့်နည်းတူ အခြေအနေ၏ လိုအပ်ချက်အရ စစ်ရေးကဏ္ဍများကိုပါ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည့် သာဓကများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လိုအပ်လျှင် စစ်ရေးနိုင်ငံရေးအရ KIO၊ KIA နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း... Read More
5 February 2022-Kachinwaves “သွေးစွန်းနေတဲ့ ပညာရေးကို ငါတို့တွေက မလိုချင်တော့ဘူး”ဆို​သည့် ကြွေးကြော်သံများနှင့်အတူ စစ်အာဏာရှင်အလိုမရှိကြောင်း ဖားကန့်မြို့ကျောင်းသား ​ကျောင်းသူများ ယနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ “သွေးစွန်းနေတဲ့ ပညာရေးကို ငါတို့တွေက မလိုချင်တော့ဘူး”ဆို​သည့် ကြွေးကြော်သံများနှင့်အတူ စစ်အာဏာရှင်အလိုမရှိကြောင်း ဖားကန့်မြို့ကျောင်းသား ​ကျောင်းသူများ ယနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ “သွေးစွန်းနေတဲ့ ပညာရေးကို... Read More
5 February 2022 – Kachinwaves KIO သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများပိုင်းနှင့် ပူးပေါင်းစည်းရုံးနေပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ မိန့်ခွန်း၌ KIO ဥက္ကဌက ပြောကြားလိုက်သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းလည်း ပါရှိပါသည်။ စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့်... Read More
4 February 2022-Kachinwaves ဖားကန့်မြို့နယ် နန့်ယားကျေးရွာ တောင်ပိုင်း မာနော့မှော်တွင် ကေအိုင်အေတပ် နှင့် PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်ရွေ့လျားစစ်ကြောင်းတို့ ယနေ့နံနက်မှစပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ယနေ့ ၃နာရီအထိ လက်နက်ကြီးအချက်ရေ (၃၀)ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ... Read More

နောက်ဆုံးသတင်းများ