ဂျက်လေယာဉ်တစ်စင်း၊ စစ်ရဟတ်ယာဉ်တစ်စင်းဖြင့် ဖားကန့်မြို့နယ် နန့်ယားဘက်သို့ ယနေ့လည်း စစ်ကောင်စီတပ် လာရောက်ပစ်ခတ်
5 February 2022-Kachinwaves
ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်းဖြင့် ယနေ့ ညနေပိုင်းတွင် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့နေ့လယ် ၁၂နာရီခန့်တွင်လည်း ဂျက်လေယာဥ်နှစ်စင်း၊ ရဟတ်ယာဥ်တစ်စင်းဖြင့် နန့်ယား မာနော့မှော်သို့ လာရောက်ပစ်ခတ်ခဲ့ပြီး ၃နာရီခန့်တွင် ဂျက်လေယာဥ်တစ်စင်းဖြင့် နောက်တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်။
လေယာဉ်ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိသည်ဟု ဒေသခံတစ်ဦးက ပြောသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။
ဖေဖော်ဝါရီလ ၃ရက်နှင့် ၄ရက်နေ့များတွင်လည်း နန့်ယားတောင်ပိုင်း ကပ်မှော်အုပ်စု မာနော့မှော်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။