ဖားကန့်မြို့ စုပေါင်းရုံးရှေ့၌ ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်
12 February 2022 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် စုပေါင်းရုံးရှေ့၌ ယနေ့နံနက် ၆နာရီခွဲခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် စစ်ကောင်စီများမှ ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေကြသည့်အတွက် ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ လမ်းများကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးခဲ့ကြောင်း သိရသည်။