စစ်ကောင်စီတပ်၏ လေကြောင်းမှ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ ရွာသားများအားလုံး တိမ်းရှောင်နေ
5 February 2022 – Kachinwaves
ယနေ့မွန်းလွဲ ၃နာရီကျော်တွင် ဖားကန့်မြို့နယ် နန့်ယားအနီး ကပ်မှော်တွင်စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားများအားလုံး တိမ်းရှောင်နေရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့နေ့လယ် ၁၂နာရီခန့်တွင်လည်း ဂျက်လေယာဥ်နှစ်စင်း၊ ရဟတ်ယာဥ်တစ်စင်းဖြင့် နန့်ယား မာနော့မှော်သို့ လာရောက်ပစ်ခတ်ခဲ့ပြီး ၃နာရီခန့်တွင် ဂျက်လေယာဥ်တစ်စင်းဖြင့် နောက်တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်။