မြစ်ကြီးနားမှာ လူငယ်တစ်ဦးပစ်သတ်ခံရ၊ ကျန် ၅ ယောက် ဖမ်းဆီးခံနေရ
14 February 2022-Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးက အဝိုင်းပတ်အနီးတွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် အသက် (၂၄)နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး၏ အလောင်းကို ယနေ့ထုတ်ယူပြီး သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့ည ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း အဝိုင်းပတ်အနီး ကားဖြင့်ဖြတ်လာသည့် လူငယ် ၆ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ နောက်အမျိုးသမီးတစ်ဦး၏ ပေါင်၌ ထိမှန်ခဲ့ပြီး ကျန်လူငယ်များကို ဖမ်းဆီးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“သူတို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ရပ်ခိုင်းတာ သူတို့က မရပ်ဘဲ ကားမောင်းသွားကြတာ၊ အဲ့မှာ သေနတ်လိုက်ပစ်တဲ့အချိန် မိန်းကလေးတစ်ဦးမှာ ထိပြီး ပွဲချင်းပြီး ဆုံးသွားတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ညအချိန် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးလျှက်ရှိပြီး စစ်ဆေးမခံသည့် ပြည်သူများကို သေနတ်များဖြင့် လိုက်ပစ်ခတ်လျှက်ရှိသည်။
ပုံ။ စစ်ကောင်စီရဲ့ ပစ်သတ်ခံရသည့် လူငယ်အမျိုးသမီး