ရွှေကူမြို့ရဲစခန်း ပစ်ခတ်ခံရ
6 February 2022 – Kachinwaves
ယနေ့ည ၉နာရီခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့ စစ်ကောင်စီ ရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
“လက်နက်ကြီး ၁၀ချက်ကျော်တယ်”ဟု ဒေသခံတစ်ဦးက ပြောပါသည်။
မည်သည့်အဖွဲ့က ပစ်ခတ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါ။