Thu. Jan 2nd, 2025

admin

28 December 2023- Kachinwaves စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်ကောင်စီမှ ပစ်လိုက်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဝန်းသိုတပ်မှ ပစ်ခတ်လိုက်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကျည်မှာ ကောလင်းမြို့ အနောက်ကျောင်း (ဘုန်းကြီးကျောင်း)နှင့်... Read More
27 December 2023 – Kachinwaves ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာတွင် ပူတာအိုအခြေစိုက် ခလရ (၄၆) စစ်ကောင်စီတပ်မှ တပ်စခန်း ပြန်လည်အထိုင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။ ဒီဇင်ဘာ ဒုတိယအပတ်က စစ်အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီစစ်သားများ လုံရှာယာန်ကျေးရွာသို့ ရောက်ရှိလာပြီး အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင်... Read More
26 December 2023 – Kachinwaves ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Kokang Media ကဖော်ပြထားသည်။ ခရစ္စမတ်နေ့တွင် လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်ရှိ ဟွမ်ကွမ့်ဟိုတယ်အနီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး... Read More
26 December 2023 – Kachinwaves တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်သည့်အတွက် မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က မြစ်ကြီးနားမှဆင်းလာသည့် ဂျက်လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း မိုးတားလေးကျေးရွာ ရဲစခန်းအနီးကို ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ... Read More
26 December 2023 – Kachinwaves တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီအဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်အရယူမည်ဟု သတင်းထွက်ပေါ်နေကြောင်း ကောလင်းမြို့နယ် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ “စစ်ကောင်စီဘက်ကနေပြီးတော့ ကောလင်းမြို့ကို ပြန်ယူမယ်လို့ သတင်းတွေကြားနေရတယ်။ ကောလင်းမြို့ကိုလည်း အမျိုးမျိုးထိုးစစ်ဆင်မှုတွေ လုပ်နေကြတယ်။ ရိက္ခာဖြတ်တောက်ဖို့တွေလည်း လုပ်နေကြတယ်... Read More
26 December 2023 – Kachinwaves တရုတ်အစိုးရမှ စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ချက်ချင်းရပ်ရန် တိုက်တွန်းသည့် စာတန်းချိတ်ဆွဲ ဆန္ဒပြမှုကို ဖားကန့် သပိတ်အဖွဲ့တို့က ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖားကန့်မှော်လှည့်၊ ဆိပ်မူ၊ ဝေခါသပိတ်အင်အားစုတို့က ပြုလုပ်ခဲ့သည်ဟု ဆိုသည်။  ... Read More
  သုံးသပ်ချက်။ 25 December 2023 – Kachinwaves ၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချက်တစ်ခုအဖြစ် ပါဝင်နေသော အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးသည် တရုတ်အစိုးရ အာရုံစိုက်ကိုင်တွယ်ဖြေရှင်းလိုသည့် ကိစ္စတစ်ခုဖြစ်သည်။ အဆိုပါကိစ္စဖြေရှင်းရေးနှင့် ပတ်သက်၍ တရုတ်က စစ်ကောင်စီထက်ခြေလှမ်းစောကာ သေသေချာချာအကွက်ချ ပြင်ဆင်ချဉ်းကပ်ခဲ့သည်ကို... Read More
25 December 2023 – Kachinwaves စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအင်အား ၃၀ ဖြင့် တပ်အထိုင်ချထားသော မြင်းခြင်းပျူကျေးရွာအား တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ ရွှေဘိုခရိုင် အမှတ်၂၆ တပ်ရင်းမှ တပ်ရင်းမှူး ပီလွန်ဦးစီးပြီး တပ်ရင်းတပ်ခွဲ... Read More
24 December 2023 – Kachinwaves စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် ကောလင်းမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ခရီးသည်များနှင့် ကောလင်းသွားမည့် ကုန်တင်ကားများအား ဖြတ်သန်းသွားလာခြင်းမပြုစေပဲ နောက်ပြန်လှည့်မောင်းခိုင်းနေကြောင်း ကားဆရာများထံမှ သိရသည်။ “သူတို့က မှတ်ပုံတင်လည်းစစ်တယ်၊ ကောလင်းမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူနဲ့ ကောလင်းသွားမဲ့ ဘယ်ကားမဆို မဖြတ်စေဘူး။ နောက်ပြန်လှည့်ခိုင်းနေတယ်။ ပြီးတော့... Read More
23 December 2023- Kachinwaves စစ်ကောင်စီသည် ကိုးကန့်‌ဒေသကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်လေးရက်အတွင်း လေကြောင်းဖြင့် (၄၉) ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Kokang မှ ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး MNDAA နှင့် စစ်တပ်တို့ ယာယီစစ်ရပ်နားထားသော်လည်း... Read More

နောက်ဆုံးသတင်းများ